Monday, March 9, 2015

ပညာရေးသပိတ်အတွက် ဗကသရဲ့တောင်းဆိုချက် ထွက်လာ

လက်ပံတန်းမြို့မှာ ပိတ်ဆို့ခံထားရတဲ့ သပိတ်မှောက် ကျောင်းသားတွေရဲ့ အရေးပေါ်ကြေညာချက်ဆိုပြီး တနင်္ဂနွေနေ့က ထွက်လာတာမှာ သပိတ်စစ်ကြောင်း ရန်ကုန်ကို အမြန်ဆုံးရောက်နိုင်ရေးအတွက် အာဏာပိုင်တွေနဲ့ ဆွေးနွေး တောင်းဆိုထားတာတွေကို အခုလာမယ့် ၁၀ ရက်နေ့ အင်္ဂါနေ့ မနက် ၁၀ နာရီ နောက်ဆုံးထားပြီး အစိုးရ တာဝန်ရှိသူတွေက ဖြေရှင်းပေးပါလို့ ပါဝင်ပါတယ်။ 

ကျောင်းသားတွေကို လက်ပံတန်းမြို့ ကျွန်းကလေးလမ်းဆုံမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားတာ သီတင်းတစ်ပတ်ရှိလာပြီ ဖြစ်ပါတယ်။ 

ပိတ်ဆို့ခံရပြီး နောက်တရက် ပဲခူးတိုင်း နယ်လုံဝန်ကြီးနဲ့ ကျောင်းသားတွေ တွေ့ဆုံစဉ်မှာ သပိတ်စစ်ကြောင်းအနေနဲ့ သာယာဝတီအထိ လမ်းလျှောက်ပြီး ရန်ကုန်ကို ကားနဲ့ဝင်ရောက်ဖို့ အပါအဝင် အချက် ၈ ချက်ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

အာဏာပိုင်တွေဘက်က တုံ့ပြန်ဖို့အချိန်ဆွဲပြီး ဆက်လက်ပိတ်ဆို့ထားတဲ့အတွက် ၁၀ တန်း စာမေးပွဲတွေ မစတင်မီ ဖြေရှင်းပေးဖို့ အခုလို တောင်းဆိုရတာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ဘီဘီစီကို ပြောပါတယ်။ 

ဒေသခံ ရဲ၊ အာဏာပိုင် အကြီးအကဲကတော့ အခုပိတ်မိနေတဲ့ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲတာမျိုး မလုပ်ပါဘူးဆိုပြီး မီဒီယာတွေကို ပြောထားတာ ရှိပါတယ်။ 

သတင်း - ဘီဘီစီ 

 

No comments: