Thursday, March 5, 2015

ဆန္ဒပြနေတဲ့ ကျောင်းသားများ အကြမ်းဖက်ဖြိုခွင်းခံရ



ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အရပ်ဝတ်နဲ့ လက်ပတ်အနီရောင်ပတ်ထားတဲ့ လူတွေက ဝင်ရောက်ထိုးကြိတ်ပြီး လက်ပတ်အနီဝတ် လူအုပ်ကြီးရဲ့နောက်မှာရပ်နေတဲ့ ရာချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးပြီး ဆန္ဒပြမှုကို ဖြိုခွင်းလိုက်ကြောင်း သိရပါတယ်။ 










ရဲက နံပါတ်ဒုတ်တွေနဲ့ ရိုက်နှက်ရာမှာ ကျောင်းသားတချို့ ဒဏ်ရာများရရှိသွားပြီး ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ မနီလာသိန်းက ဦးခေါင်းမှာ ဒဏ်ရာရရှိသွားပါတယ်။ ။ 








ဓာတ်ပုံများ။  ။ အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြကြသော ကျောင်းသားဆန္ဒပြသူများအား မြို့တော်ခန်းမရှေ့တွင် ရဲက အင်အားသုံး ဖြိုခွဲနေစဉ်။ 

သတင်း၊ ဓာတ်ပုံ - ဘီဘီစီ 

No comments: