တွန်းလှန်အုံကြွ၊ ရုန်းကန်ထသည်
လမ်းမပေါ်က လူလှိုင်းကြီး။
တပ်ဦးကျောင်းသား၊ မားမားမတ်မတ်
ရင်ကော့ရပ်နေ၊ သွေးစွန်းပေညစ်
လက်ရုံးညှစ်အော်၊ မိုးယံကျော်လွှားေ
ကြွေးကြော်သံလား၊ ဗုံးသံလား။
ပိတ်စရဲနီ၊ ဒီရေမုန်တိုင်း
လူလှိုင်းကိုပိုး၊ ရှေ့ကိုတိုးပေါ့
သေရိုးမရှိသည့် တို့တိုင်းပြည်။
သွေးသွန်ချောင်းစီး
အရေးကြီးပြီ၊ သွေးနီးကြစို့
အရေးတော်ပုံ အောင်ရမည်။
တိုက်ပွဲထဲမှာ
သူရဲကောင်းများ မွေးဖွားခဲ့
သူရဲကောင်းများ
တိုက်ပွဲလင့်ကြို တေးဆိုသည်။
မောင်လွမ်းဏီ
၁၅ - ၇ - ၁၉၉၆
(ဓာတ်ပုံဆရာလေးကို ကျေးဇူးမှတ်တမ်းဖြင့်)
No comments:
Post a Comment