ဗျိုင်းတောင်ဟာ
အရိုင်းကောင်တွေအတွက်
သံစဉ်ညှိဖို့ မလို။
အရိုးများတွန်တဲ့အခါ
အဆိုးများမှာ နေစရာမရှိ။
မကြောက်ပါနဲ့
အကြောက်တရားဆိုတာ
မှောက်မှားတဲ့ အန္ဓတွေအတွက်ပါ။
နွားခြေရာနောက်က လှည်းဘီးရာ
မူဆိုလီရဲ့အလောင်းဟာ
မြို့လယ်ခေါင်မှာ
လာခဲ့ကြ !
ပြည်သူအားလုံး
လာခဲ့ကြ !
တစ်ယောက်ချင်း တံတွေးလာထွေးခဲ့ကြ။
ပျံသန်းလို့
တိုင်းပြည်ထဲ
အဲဒီ မမြင်ရတဲ့ကြိုးကွင်းဟာ။
သွေးစွန်းလက်ဆိုတာ
ဘုရား တဘတ်တော်နဲ့သုတ်လည်း
မပြောင်
တရား ရေးစက်လက်နဲ့လည်း
မကျွတ်
ပြည်သူသတ်မှု
သံဃာသတ်မှု
ကျောင်းသားသတ်မှု
အမှန်တရားသတ်မှု
သံယံဇာတသတ်မှု
သမဂ္ဂအဆောက်အဦသတ်မှု
တိုင်းပြည်သတ်မှု
ပြီး
လူသား ဟူသော
အမည်သညာကို သတ်မှု။
အဝေးကအော်သံနက်နက်
တော်လဲတောင်ပြို ပင်လယ်ထန်ပြင်း
မမြင်ရတဲ့ ကြိုးကွင်း
ကြိုးကွင်းဟာ
မျက်ရည်စက်လက်နဲ့
ဒေါစက်လက်နဲ့
လမ်းများထက် ပျံသန်းလို့
မမြင်ရတဲ့ ကြိုးကွင်း။
သူညှစ်ရမယ့်လည်ပင်းတွေကို
မသတီစိတ်နဲ့ပျံသန်း
ကြိုးဟာ အော့အန်ရင်း ပျံသန်းလို့။ ။
စံညိမ်းဦး
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment