Tuesday, February 3, 2015

ပညာရေး ဥပဒေပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲပျက်ပြား


အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးအတွက် သပိတ်မှောက် ကျောင်းသားများနှင့် အစိုးရကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဆွေးနွေးခဲ့ပြီးနောက် ယနေ့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် နေပြည်တော်တွင် ထပ်မံဆွေးနွေးရန် သဘောတူခဲ့ကြပြီးမှ ကျောင်းသား ကိုယ်စားလှယ်များ၊ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်မှ ကိုယ်စားလှယ်များနှင့်အတူ လိုက်ပါလာခဲ့သည့် ကျောင်းသားများကို ပညာရေးဝန်ကြီးဌာနအတွင်းသို့ ဝင်ရောက်ခွင့် မပြုသည့်အတွက်ကြောင့် ဆွေးနွေးပွဲ ပျက်သွားခဲ့ပါသည်။ 







ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ဆွေးနွေးပွဲများကို ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ပြောကြားပြီး ကျောင်းသားများကလည်း သပိတ်စစ်ကြောင်းများ ပြန်လည်စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ 

သတင်း၊ ဓာတ်ပုံ - ဘီဘီစီ 

No comments: