လူသေအလောင်း အဝတ်ဖြူလွှမ်းသလို
ကိုယ်တို့အိမ်ခေါင်မိုးတိုင်းပေါ်မှာ
ဆီးနှင်းဖြူဖြူများ…
ဒန်းဟာ ယမ်းခါလို့
ခြံထောင့်က သစ်လုံးပုံပေါ်
အဖြူရောင်ဖုန်တွေ ထခုန်လို့
မြက်ခင်းပြင်က
ကျူးကျော်သူ လူဖြူတွေနဲ့
အစိမ်းရောင်တော်လှန်ရေး ဆင်နွှဲလို့
Texas မှာ အပြာဆုံးမျက်လုံးလေးက
ဒီည ငါ့ကို ခြောက်လှန့်နေတယ်…
Texas မှာ အပြာဆုံးမျက်လုံးလေးက
ဒီည ငါ့ကို ခြောက်လှန့်နေတယ်…
Texas မှာ အပြာဆုံးမျက်လုံးလေးက
ဒီည ငါ့ကို ခြောက်လှန့်နေတယ်… …
အဝေးလမ်းမဘက်
လူနာတင်ကားတွေဆီက
အရေးပေါ်ဥသြသံတွေနဲ့အတူ
လေပြင်းထဲမှာ
သီချင်းနဲ့
နှင်းတွေ လွင့်နေတယ်
နင့်ရဲ့ ရွှေရောင်ဆံနွယ်တွေထဲက
လေကို ငါ မြင်နေရတုန်းပဲ…
အရေးပေါ်ဥသြသံတွေနဲ့
လေပြင်းထဲမှာ
နှင်းနဲ့
သီချင်းတွေ လွင့်နေတယ် ။ ။
(၂၅ ဇန်နဝါရီ၊ ၂၀၁၅)
(Boys Don’t Cry… ရုပ်ရှင်ကြည့်ရင်း…)
တိတ်ဆိတ်သော သာယာမှု ရှိရာဆီ ခဏ...
3 months ago
No comments:
Post a Comment