Wednesday, January 21, 2015

ဘဏ္ဍာရေး အကျပ်အတည်း အဆုံးသတ်သွားပြီလို့ အိုဘားမားပြော

အမေရိကန် သမ္မတ အိုဘားမားက သူ့ရဲ့ နှစ်လည် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ အမေရိကန်ရဲ့ဘဏ္ဍာရေး အကျပ်အတည်းကာလ အဆုံးသတ်သွားပြီဖြစ်ကြောင်း ပြောဆိုကြေညာခဲ့ပြီး စီးပွားရေး မူဝါဒတွေက အမေရိကန် ပြည်သူအားလုံးအတွက် အကျိုးရှိစေရမယ်လို့ ကတိပေး ပြောကြားခဲ့ပါတယ်။ 


အခွန်ကောက်ခံတဲ့စနစ်မှာ လွတ်ပေါက်တွေရှိနေလို့ လူတချို့နဲ့ ကုမ္ပဏီကြီးတချို့ အခွန်တိမ်းရှောင်ခွင့်ရနေတာကိုလည်း ပြောင်းလဲကိုင်တွယ်ဖို့ အိုဘားမားက တိုက်တွန်းလိုက်ပါတယ်။ 

ဒါ့အပြင် ကျန်းမာရေး၊ ဘဏ္ဍာရေးနဲ့ လူဝင်မှုကြီးကြပ်ရေးကဏ္ဍတွေမှာ အုပ်ချုပ်ရေးပိုင်းကို ခြိမ်းခြောက်နေတဲ့ ဥပဒေကြမ်းတွေကို ပယ်ဖျက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

နိုင်ငံခြားရေး မူဝါဒပိုင်းမှာတော့ IS အစ္စလမ်မစ်နိုင်ငံအဖွဲ့အပေါ် အင်အားသုံး တိုက်ခိုက်ခွင့်အတွက် လွှတ်တော်က ဆုံးဖြတ်ပေးဖို့နဲ့ ကျူးဘားနိုင်ငံနဲ့ ကုန်သွယ်ရေးတွေ ပြန်စဖို့လည်း လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။ ။ 

သတင်း၊ ဓာတ်ပုံ - ဘီဘီစီ 

 

No comments: