Thursday, January 15, 2015

တောင်ကြီး ဖဝါးအောက် ရောက်သွားပါပြီ

အမေရိကန်နိုင်ငံ ကယ်လိုဖိုးနီးယားပြည်နယ်က ကမ္ဘာကျော် ယိုဆမ်မီတီ အမျိုးသား ဥယျဉ်ကြီးထဲမှာရှိတဲ့ မီတာ ၉၀၀ သို့မဟုတ် မိုင်ဝက်ကျော် အမြင့်ရှိတဲ့ ကျောက်ဆောင်ကြီးထိပ်ကိုရောက်ဖို့ လူနှစ်ဦး ကြိုးစားနေတာ ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာတော့ တောင်ထိပ်ကိုရောက်သွားပြီမို့ သမိုင်းတွင်သွားပါပြီ။ 

တော်မီ ကက်ဝဲလ်နဲ့ ကဲဗင်ရိုဟမ်ဆင်တို့နှစ်ဦးဟာ မတ်စောက်တဲ့ El Capitan အယ်လ်ကက်ပီတန် ကျောက်တောင်နံရံကို တွဲကပ်ပြီး လက်ချောင်းထိပ်ဖျားနဲ့ ကုတ်ကပ်ပြီး တရွေ့ရွေ့နဲ့တက်နိုင်ဖို့ ၇ နှစ် ပြင်ဆင်ခဲ့ပါတယ်။ 


ပွန်းပဲ့နေတဲ့ လက်ထိပ်တွေကို ပလာစတာ ကပ်၊ တရက် နှစ်ရက် အနားပေးပြီး ဇွဲမလျော့ပဲတက်ခဲ့ကြတာ အင်မတန်မှ မတ်စောက်တဲ့ ကျောက်တောင်နံရံဘက်ကနေ ထိပ်ကိုရောက်အောင်တက်နိုင်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ ဇွဲသတ္တိကို အားလုံးက မချီးမွမ်းဘဲ မနေနိုင်အောင်ဖြစ်ခဲ့ပါတယ်။ 

သူတို့က နေဒဏ်က သက်သာအောင်လို့ ညအချိန်မှာလည်း တောင်တက်ကြပါတယ်။ 

အိပ်စက်တဲ့အခါမှာလည်း ကျောက်ဆောင်နံရံမှာ ရွက်ဖျဉ်တဲချိတ်ပြီး လေတဟူးဟူးတိုက်နေတဲ့ကြားကပဲ အိပ်စက်ကြပါတယ်။ ။ 

သတင်း၊ ဓာတ်ပုံ - ဘီဘီစီ 

 

No comments: