ချွေးတမြမြနဲ့
အပြေးတမျှ ပြန်လာတယ်။
လင်ကို သားကို၊ သမီးကို မြေးကို
သီးရွက်သားငါး၊ ချိုချဉ်ဖန် ငန်ခါးနဲ့
စားစေတော့လို့
မနားမနေ အသော့ချက်
မီးတဖက် ရေတဖက်
လက်နှစ်ဖက် ချာချာလည်။
မေတ္တာဆီ၊ မေတ္တာပျား၊
ဆား နနွင်း စရနယ်
ဖွယ်ရာတဲ့ ဟင်း ထမင်း။
အမောကို အမေမေ့
တနေ့တာ ဒါနပန်း
လန်းခဲ့လို့ သင်း။ ။
မောင်စွမ်းရည်
သရုပ်ဖော် ပန်းချီ - ကာတွန်း ဝင်းထွန်း
ဥဒါန်းမဂ္ဂဇင်း အမှတ်စဉ် ၂ ရဲ့ မျက်နှာဖုံး ...
No comments:
Post a Comment