အမြီးကျက်တော့
အမြီးကို စားကြတယ်
အမြီးစားပြီးတော့
ကြီးပွားနေတဲ့လူတွေ ရှိတယ်။
ခေါင်းကျက်တော့
ခေါင်းကိုစားတယ်
ခေါင်းစားပြီးတော့
ကောင်းစားနေတဲ့လူတွေလည်း ရှိတယ်။
အမြီးကျက် အမြီးစား
ခေါင်းကျက် ခေါင်းစားတွေ
ဖောင်းကားပြီး
ကောင်းစားနေတဲ့အချိန်မှာ
အမြီးကျက်တုန်းကလည်း အမြီး မစား
ခေါင်းကျက်တုန်းကလည်း ခေါင်းမစားတဲ့လူတွေ
သူတောင်းစားဖြစ်ကုန်တယ်။ ။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
2 months ago

No comments:
Post a Comment