ပိတောက်ကလေးရေ
ငါ... ငေးစမ်းပါရစေ
နွေဟာ မင့်အိမ်ရာ ဖြစ်တာမို့
ဧည့်သည်ငါ့ကို မင်းကြိုပါလေ
ငါဟာနွေကိုမှ ရွေးပန်ခဲ့သူပါ
စီးဆင်းဖို့ မေ့နေခဲ့တယ်
ဟောဒါ ဥသြတွန်သံမပါ
ဇာတ်ဝင်သီချင်းမပါတဲ့ အသံတိတ်ရုပ်ရှင်
အဲဒီထဲမှာ
ချစ်သူ့လက်ဖျားနုနု
မကိုင်ခဲ့ဖူးသူလည်းပါရဲ့
ပြစက်အဟောင်းပေါ်
ဇောက်ထိုး မောင်းတင်လိုက်တဲ့ အရုပ်တွေဟာ
တစ်ချောင်းပြီးတစ်ချောင်း ဆွတ်ဖြူခဲ့ရတဲ့
ငါ့ဆံပင်တွေသာ ဖြစ်ပေသကွဲ့
ဝေးခဲ့ပြီဆိုတာ ယုံဖို့ဝေးနေတဲ့သူ
ပိတောက်ပွင့်တဲ့ နွေဟာ
ရွက်ခြောက်တွေနဲ့ ရောမကြွေနိုင်ဘူး
အောင်မြေပေါ် နင်းလျှောက်လာတဲ့ ခြေသံ
Homesick တွေ ကူးစက်ပြန်ခဲ့
အို... ခြောက်ပါဦးလား ပိတောက်တစ္ဆေ။ ။
ငြိမ်းသစ်
(တစ်ယောက်တည်းရေးတဲ့ မဂ္ဂဇင်းမှ)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment