ငါနဲ့ အဖေတူအမေကွဲ
ငါ့ညီလေးနဲ့ ညီမလေးများ...
မင်းတို့ရဲ့မှီတင်းနေထိုင်ရာ
ကမ္ဘာ့ဆင်ခြေဖုံးအရပ်မှာဆိုလို့လည်း
ဘာအားငယ်စရာလိုလို့လဲ...
လူ့အဖြစ်တခုလုံး ဆင်ခြေတွေနဲ့ ဖုံးထားသမို့
နယူးယောက်မြို့တော်ကြီးကစပြီး
ယုဇနမြို့ဥယျာဉ်မြို့တော်အဆုံး
ဆင်ခြေဖုံးချည်းပါပဲ
လွတ်လပ်ခြင်း... တဲ့
ငါတို့အတောင်ပံတပ်ပေးထားတဲ့
ဆင်ခြေဆင်လက်တခုက
သူ့ပျောက်ဆုံးမှုအတွက်
ဆင်ခြေရာတွေဖုံးနေတဲ့
ကမ္ဘာပြားကြီးပေါ်က
ငါတို့နေထိုင်ရာ ဆင်ခြေဖုံးတွေဆီ
အရေးတကြီး ဖုန်းခေါ်နေလေရဲ့။ ။
သစ်ကောင်းအိမ်
(၁ ဖေဖော်ဝါရီ၊ ၂၀၁၄)
(ကျနော့်သူငယ်ချင်း Arga Moon ရဲ့ ပရိုဂျက်တာဆင်ခြေဖုံးကဗျာကိုဖတ်ရင်း ကောက်ရတဲ့ အတွေးတစကနေ စတင်ပါတယ်။)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment