လူဟာ
ကြိုးစင်ပေါ်အတက်
ဗွက်အိုင်လေးကို ရှောင်သွားရဲ့
လူဟာ
သူ့မိသားစုဝင်တိုင်းရဲ့ ခြေသံဘယ်သူဆိုတာ
အိပ်ရာထဲက အတိုင်းသားသိရဲ့
ဘဝခုံမင်စိတ်ဟာ တိတ်တိတ်တွယ်ကုပ်တယ်
သစ်မြစ်မှာ ကာလသုံးပါး အမျှင်တန်းတန်း။
မြားက
လက်ယာနံပါးကနေ လက်ဝဲနံပါးကို ထုတ်ချင်းပေါက်တာတောင်
သုဝဏ္ဏသျှမ်ရယ် သွေးပွက်ပွက်အန်တဲ့ကြားက
ငါ့မှာ ရန်သူမရှိ၊ အမိအဖတို့မှာလည်း ရန်သူမရှိတဲ့
ရန်သူမရှိ မိတ်ဆွေသာရှိတယ်
မုန်းသူမရှိ ချစ်သူသာရှိတယ်တဲ့။
တရားထွန်းသစ်
မိဂသမ္ပဒါမြစ်ကမ်းပါး
သားရွှေအိုးထမ်း မြင်ရကိန်း ဆိုက်စေသား။ ။
မောင်အောင်ပွင့်
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment