မင်းငိုနေတာလား
မျက်လုံးတွေက မို့အစ်နေတာပဲ
နေများ မကောင်းလို့လား
ဖြူဖပ်ဖြူရော်နဲ့
ဖြည်းဖြည်း ပြောပါလား
မင်းစကားတွေ ငါ နားမလည်တော့ဘူး
ခြေချင်း ချွတ်
ခြေတင် ခံရအောင် ဘယ်သူတွေ
မင်းထမီကို ချွတ်ရောင်းစားတာလဲ။ ။
ကျော်သူမိုးမြင့်
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment