ဘယ်လောက်များရှုံးလိုက်သလဲဆို
တစ်ဘဝသေခဲ့တာကိုတောင် မမှတ်တော့ဘူး
နောက်ထပ်ဘဝတွေ အခါခါသေဖို့အထိ အသိတွေပျောက်နေကြတာ ...။
ဘယ်လောက်များ မှားလိုက်သလဲဆို
ကိုယ့်အဖေကို သတ်သွားတဲ့လူကိုမှ
ကျေးဇူးရှင်ထင်ပြီး အဖေ ပြန်ခေါ်နေကြတာ ...။
မသွားနဲ့... မသွားနဲ့
မလုပ်နဲ့... မလုပ်နဲ့
မပေါင်းနဲ့... မပေါင်းနဲ့
အဲဒီလူတွေဟာ... ဘုံရန်သူပါလို့... အခါခါ သတိပေးပါရက်နဲ့
မရှက်မကြောက် အတူတွဲပြီး အိပ်လိုက်ရတယ်လို့ကွာ ...။
တောက် ...
စောလူးမင်းတွေကတော့
ငရမန်ကန်းတွေလက်ထဲ
ခွေးသေဝက်သေနဲ့
ဘဝအဆက်ဆက် ထပ်ပြီးသေအုံးမှာပဲ ...။
ပုံ... ငကန်းညို
၁၉ ဇန်နဝါရီ၊ ၂၀၁၄
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
2 months ago

No comments:
Post a Comment