အမှိုက်သရိုက်
အန်ဖတ်
ဒိုက်သရောတွေကို တိုက်စား
ဟိုး… ရေပြင်နက်နက်ဆီယူဆောင်သွားဖို့
မိုးမည်းမည်းတွေ
သည်းသည်းမဲမဲရွာစမ်းပါ
ပြည်သူလက်မဲ့အစိုးရ
နပုန်းပဏ္ဍုက်၊ ဘိန်းပွဲစား၊ ရိုဟင်ဂျာ
အားလုံးသတင်းဖြစ်နေတဲ့ခေတ်ကြီးမှာ
ငါ မင်းကိုချစ်တာရော သတင်းမဖြစ်သင့်ဘူးလား
အရွယ်သုံးပါးမရွေးမိတတ်တဲ့ မိုးထဲ
မကြီးမငယ်နဲ့မိုးတွေ မိ… မိနေတယ်
လိင်တူအခွင့်အရေးကျွမ်းကျင်သူတွေတောင်
သူတို့မှာ လွတ်လပ်ခွင့်တွေရှိတယ်... ဆိုလေတော့
ဣထိယမှော်ဝင်သူရယ်လို့တော့
ငါ့ကို မပြစ်မှားသင့်ဘူးပေါ့ကွာ
အညှာကပဲလွယ်တာလား
အသည်းကပဲငယ်တာလား
တကယ်က…..
လေယာဉ်အချက်ပေးဥသြတွေဆွဲလို့
ဗုံးခိုကျင်းထဲ ခုန်ချမိတာပါ
ဒီကဗျာနဲ့
ငါ့ကိုယ်ငါ သက်ပျောက်ဆွမ်းသွတ်ခဲ့တယ်။
သစ်ကောင်းအိမ်
(၂၈၊ ဖေဖော်ဝါရီ၊ ၂၀၀၉)
ကိုနေမျိုးဇော်ရဲ့ဓာတ်ပုံလက်ရာပါ...။
No comments:
Post a Comment