ငါတို့အခုရောက်နေတာ
အရက်သောက်ဖို့နဲ့ စိတ်အချဉ်ပေါက်ဖို့ပဲကောင်းတဲ့
ခေတ်ကြီး အခါကြီး သမယကြီး
ဆင်ဖြူများရှင်ဖြစ်ရတာလည်း ဒုက္ခ
နိုဗယ်လ်ဆုရှင်ဖြစ်ရတာလည်း ဒုက္ခ
အတွင်းမှာ အပြောင်းအလဲတခုတော့ လိုအပ်နေပြီဗျ …
အဲဒါတော့ မင်းပြောမှလား နွားရဲ့
ဒီမှာလည်း အရေးတကြီး
ပေါင်းလက်စမယားကို အသစ်လဲဖို့ လိုနေတယ်
စီးလက်စ,ကားကို အသစ်လဲဖို့ လိုနေတယ်
လေပါတယ်
ခင်ဗျားကြီးဟာ အပူသက်သက်
ဒယ်အိုးတင်ပြီးကြော်ရုံပဲ …
အသားတင်ပြီးကင်ရုံပဲ …
အဲဒီမှာ စတွေ့တာပဲ
ဘင်လာဒင်နဲ့ ချောစုခင်နဲ့
ဘုန်းကြီးရူးနဲ့ ဝိုင်းစုခိုင်သိန်းနဲ့ … ...
ဒီမယ် မိန်းကလေး
ငါ့ရင်ခွင်ကို မင်းဝင်ချင်ဝင် ထွက်ချင်ထွက်
ဟိုသတ္တဝါ ရွေးကောက်ပွဲဝင်သလို မဝင်လေနဲ့ … ... ဆိုတဲ့
တောပြဇာတ်ထဲက ဒိုင်ယာလော့နဲ့
ဥဿဘတွေများလွန်းလို့
ဘယ်နွားနောက်လိုက်ပြီး မြက်စားရမယ်မှန်းမသိတဲ့ လောကကြီးပါကွာ
အိုနာကျိုးကန်းကြီး
မြေခွေးအမြီးပြတ်ကြီး
သူ့အမြီးပြတ်နဲ့သူ ယပ်ခတ်လို့
လေချွန်လို့ ဘုရားဖူးထွက်လို့ ချစ်ကြည်ရေးခရီးတွေသွားလို့
ရဲရဲတောက်ကျွန်ုပ်တို့သည်လည်း
ဆိုင်ကယ်တဝီဝီ ကားတဝီဝီနဲ့
ဘယ်ကိုချီတက်နေသလဲ ရဲဘော်တို့
ဒီတချီ ညနေစောင်းပြန်တော့
ကမ္ဘာမကြေဘူး သီချင်းဟောင်းတပုဒ်နဲ့ပဲ
ဒီနှစ်ကိုလည်း ဒီအဖြစ်နဲ့ပဲ ခုခံကြပါဦးစို့ … … …
သရုပ်ဖော်ပုံကို ဒီက ယူပါတယ်။
No comments:
Post a Comment