Friday, October 4, 2013

မြန်မာ မယ်စကြဝဠာ ရွေးပွဲ

အောက်တိုဘာ ၃ ရက်က ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာကျင်းပခဲ့တဲ့ မြန်မာကိုယ်စားပြု မယ်စကြဝဠာ ရွေးချယ်ပွဲမှာ ပြိုင်ပွဲဝင်များ ရိုးရာအဝတ်အစားနဲ့ ယှဉ်ပြိုင်စဉ်။ 

မယ်စကြဝဠာ အဖြစ် ရွေးချယ်ခံရသူ မိုးစက်ဝိုင် (ခါးနံပါတ် ၁၆) နဲ့ ပြိုင်ပွဲဝင်သူများ ရိုးရာအဝတ်အစားနဲ့ ယှဉ်ပြိုင်စဉ်။ 

ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ဆင်နွှဲကြတဲ့ ဆန်ကာတင် အယောက် ၂၀။


ဆန်ကာတင် ၁၀ ဦး ညနေခင်းဝတ်စုံတွေနဲ့ ယှဉ်ပြိုင်စဉ်။ 

မြန်မာကိုယ်စားပြု မယ်စကြဝဠာအဖြစ် အရပ် ၅ ပေ၊ ၉ လက်မရှိ အသက် ၂၅ နှစ်အရွယ် မိုးစက်ဝိုင် ကို ရွေးချယ်။ 
 
မြန်မာ မယ်စကြဝဠာ မိုးစက်ဝိုင် အပါအဝင် နောက်ဆုံး ဆန်ကာတင် ၅ ဦး။ 

ပြိုင်ပွဲဝင်တွေကို စခန်းသွင်း လေ့ကျင့်ထားစဉ်မှာလည်း ပညာရှင်တွေက စောင့်ကြည့်နေခဲ့ပြီးမှ အခုလို ရွေးချယ်ခဲ့တာလို့ ဆို။ 

မိုးစက်ဝိုင်ဟာ နောက်လ မော်စကိုမှာကျင်းပမယ့် ၂၀၁၃ မယ်စကြဝဠာ ရွေးချယ်ပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ 

(သတင်း၊ ဓာတ်ပုံ - ဘီဘီစီ)


 

No comments: