တလလုံး ... လခက .. နှစ်ထောင့်ငါးရာ ... ဖုန်းခပေးတဲ့ အပိုကြေးနဲ့ ပေါင်းလိုက်ရင် ... နှစ်ထောင့် ခုနစ်ရာ ...။
တလလုံး ကုန်ကျစားရိတ်က ...
အခန်းခ တထောင့် ငါးရာ ...
ရေခ မီးခ သုံးလေး ငါးရာ ...
ပေါင်းလိုက်တော့ နှစ်ထောင်ဝန်းကျင် ...။
တလလုံးစာ ... ဆန်ကြမ်းတပုံး ပြေးဆွဲလိုက်တယ် ... သုံးရာ့ငါးဆယ် ...
ဆီတဗူး ဆွဲထားလိုက်တယ် ... လေး ငါး ခြောက်ဆယ် ...။
လက်ထဲကျန်တာက နှစ်ရာကျော် ... သုံးရာ ...
ကျန်တာတော့ ကြည့်ကျက်ပြီး ဖြစ်သလို ပြီးတယ် ...။
နေ့တိုင်း ... လမ်းဘေးမှာပေါက်နေတဲ့ ... အညွှန့်တမျိုးကို ... ဟင်းရည်လုပ်တယ် ...
လယ်ကွင်းထဲက အလေ့ကျပေါက်နေတဲ့ ကန်းစွန်းရွက်ကို ... အကြော်လုပ်တယ် ...
ရာသီစာဆို လမ်းဘေးနားက တပင်ထဲ ထီးထီးကြီးလွှင့်နေတဲ့ ... သခွတ်ပင်ကြီးက စွန့်ကျဲသမျှ သခွတ်ပွတ်တွေကောက် ... အခြောက်ခံ ... နေလှန်းပြီး ... တို့စရာလုပ်လိုက် ... သုပ်စရာ လုပ်လိုက် ...။
အသားဟင်းစားချင်ရင် တဆယ်ဖိုး သုံးလုံးရတဲ့ ... လင်ကောင်မပေါ်တဲ့ ကြက်ဥကို ပြုတ်ပြီး ... ဆားကဲကဲ ... ငရုတ်သီးကဲကဲနဲ့ ... သုပ်ပြီး ညမနက် စားလိုက်တယ် ...။
တခါတလေ ... ကြက်သွန်နီနဲ့ ဖောဖောသီသီဝယ် ... ငရုတ်သီးမှုန့်နဲ့ နယ်ဖတ်ပြီး ထမင်းတနပ် ပြီးလိုက်တယ် ...။
အော် ... အိမ်ထောင်ကျစ ကျနော့်မိန်းမ တလဝင်ငွေလေးပေါ် မှီခိုရတဲ့အချိန် ... ကျနော် ထမီနားခိုစားတဲ့ နှစ်များပေါ့ဗျာ ...။ ။
ဆောင်းလူ
စက်တင်ဘာ ၂၂၊ ၂၀၁၃
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment