နော်အုန်းလှ လား
ဒေါ်အုန်းလှ လို့ ခေါ်ရမလား
ကိုကိုးကျွန်းများရှိရင်
ခင်ဗျားက
ဓားတောင်ကိုကျော် မီးပင်လယ် ဖြတ်အုန်းမှာ။
လက်ပံတောင်းကို
ခေါင်းအုံးမှတ်ထင်၊ ရင်ခွင်ပိုက်
ဒါကြောင့်လည်း
ခင်ဗျားကို မိုက်တယ်ပြောတာပေါ့
အင်္ဂါထောင့်က စောင့်နေကြတယ် အနော်။
ဆူးလေတဝိုက်က
ခိုတွေ
ငိုနေတယ် နော်အုန်းလှ
အစာမဲ့သူတွေက
ထောင်ဝ ပျံဝဲတယ်
လွမ်းသူတွေက
အမှတ်တရ ဖယောင်းတိုင်တွေ ဝေငှပါလိမ့်မယ်။
နော်အုန်းလှ
တောင်ပြူတင်း
ထောင်အကျဉ်းက ပြုံးနေတာ
ကဗျာ ဖြစ်ပါတယ်။ ။
မောင်လွမ်းဏီ
၅ - ၉ - ၂၀၁၃
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
2 months ago

No comments:
Post a Comment