Wednesday, May 8, 2013

မြေကြီးကိစ္စ မေ့လျှော့ပေါ့ဆ မလုပ်ကြနဲ့၊ လှုပ်တတ်တယ် ပြိုတတ်တယ် မျိုတတ်တယ် (ဟံသာဝတီ ဦးဝင်းတင်)

ဒီကနေ့ ကျုပ်စိတ်ထဲမှာ အင်မတန်လးလံဝန်ပိတဲ့ ကိစ္စကြီးတရပ် ရှိနေတယ်ဗျာ။ နှလုံးသားမှာ ကျောက်တုံးတွဲ ဆွဲထားသလိုပဲလို့တောင် ပြောရမလား မသိဘူး။ 

ပြီးခဲ့တဲ့အပတ်က ဒီလှိုင်းစာစောင်ရဲ့ အာဘော်ခန်းမှာ 'မြေကြီးကိစ္စ' ဆိုတဲ့ စကားလုံးကို တွေ့လိုက်ရတယ်။ ကျုပ်ပြောချင်တဲ့ကိစ္စကို မီးမောင်းထိုးပြလိုက်သလိုပဲဗျာ။ ကျုပ်ပြောချင်တဲ့ကိစ္စတွေက ပေါင်းလန်ဗြောင်းဆန်အောင် များပြားဆူဝေနေတယ်။ ဘယ်ကိစ္စကို ဘာက ကိုင်ပြောရမှန်း မသိတတ်အောင် ဖြစ်နေရတယ်။ ဒီလှိုင်းက အဲဒါတွေအားလုံးကို မြေကြီးကိစ္စလို့ တံဆိပ်ကပ်လိုက်တယ်ဗျို့။ 

ဟုတ်လိုက်တာဗျာ။ ကျုပ်ပြောချင်နေတာကလည်း တစ်ပြည်လုံးရဲ့မြေတွေ ယာတွေရဲ့ကိစ္စ၊ မြေတွေ ယာတွေပေါ်မှာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမား ယာသမား၊ မြေလုပ်သားတွေရဲကိစ္စ၊ အဲဒီလုပ်သားထုကြီးရဲ့ ငွေကြေး အရင်းအနှီး မပြည့်စုံမှုကိစ္စ၊ ကွေးမီကိစ္စ၊ ချေးငွေကိစ္စ၊ စိုက်ထုတ်ရင်းနှီး သုံးစွဲနေရတဲ့ ပစ္စည်းကိရိယာ၊ ဓတ်မြေသြဇာ၊ ပိုးသတ်ဆေး စရိတ်ငွေကြေးတွေရဲ့ကိစ္စ၊ လယ်ယာထွက်ကုန်သီးနှံ ဈေးနှုန်းတွေရဲ့ကိစ္စ။ အို ... ပြောမဆုံးပေါင် တောသုံးထောင်ပါပဲဗျာ။ စားရင်းတိုရင် အပင်းဆို့သလို မော မော မော ဆိုတဲစကားအတိုင်းပဲပေါ့။ 


ဒီအထဲ စစ်တပ်တို၊ အစိုးရဌာနတိုရိုနီ၊ ခရိုပြာ၊ ခရိုဝါ၊ ခရိုစိမ်းဆိုတဲ့ အာဏာကပ်ပါးတိုက မတော်မတရား နည်းမျိုးစုံနဲ သိမ်းယူအပိုင်စီးထားတဲ့ မြေယာဧက သိန်းပေါင်းများစွာရဲ့ကိစ္စကလည်း ပါသေး။ သီးနှံစိုက် လယ်ယာမြေတွေပေါ်မှာ စက်ရုံ အလုပ်ရုံ၊ အိုးမြေ အိမ်မြေ၊ တပ်မြေ စခန်းမြေ၊ သတ္တုတူး ကျော်ဖော် စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို ပြောမပြနိုင်လောက်အောင် မတရားကီး သိမ်းထားတဲ့မြေတွေက အများကီး အားကီးရှိသေးသဗျ။ အဲဂလို သိမ်းထားတဲ့ မြေတွေ၊ ယာတွေထဲမှာ တိုင်းရင်းသား ဒေသတွေက လယ်ယာမြေစိုက်ခင်းတွေကလည်း ဧရာမ အများကီး ပါဝင်နေသေးတယ်လို ဆိုသဗျ။ 

ထားပါတော့ဗျာ။ အဲဒီမြေကီးကိစ္စကီးတွေက ဒီနေပူလောင်ဆူပွတ် ဂယက်ထလာနေပီဗျ။ 

လက်ပံတောင်း ကြေးနီစီမံကိန်းဆိုတာ အားလုံးသိကြပါရဲ့။ မီးခဲကိစ္စကီးလေဗျာ။ စစ်ကိုင်းတိုင်း၊ မုံရွာနယ်ထဲက မြေကီးကိစ္စဗျ။ တတ်တရက်တွေ၊ ဗတ်ဗရက်လုပ်နေတဲ့ အပ်အယှက်တွေလို သာမန်ကာလျှံကာ မထင်လိုက်နဲဗျ။ အဲဒါလည်း မြေကီးကိစ္စပဲဗျ။ သယံဇာတတူးတယ် ဆိုတာ မြေကီးကိစ္စပဲပေါ့ဗျာ။ 

အဲ ... အဲ။ ပြောရဦးမယ်။ ကျုပ် ရင်လေးနေတယ်ဆိုတဲ့ကိစ္စက အဲဒီ မြေကီးကိစ္စပဲဗျ။ မြေကီးပေါ်မှာ လူတွေနတယ်။ ကျုပ်တိုလို ကျောမွဲတိုင်းပြည်အဖိုက မြေကီးပေါ်မှာပဲ လုပ်ကိုင်စားသောက်ကြရသပေါ့ဗျာ။ အဲဂလို လူတွေ မှီတင်းနေထိုင်ရာ မြေကီး။ လူတွေ တူးဆွ အသက်မွေးရာ မြေကီး။ အဲဒီမြေကီးတွေဟာ ပြဿနာတွေ ပေါက်ဖွားရာ၊ ပဋိပက္ခတွေ ပေါက်ကွဲရာ အရင်းခံ ဘူမိနက်သန်တွေ ဖြစ်လာမယ်ဆိုရင် တစ်ပြည်လုံး၊ တစ်မျိုးလုံး အခက်ကြုံလာနိုင်ပီလို ဆိုရပေမှာပေါ့ဗျာ။ 

ကမ္ဘာသမိုင်းကို ပြန်မျှော်ကြည့်မလား။ လတ်တလော အိမ်နီးချင်းနိုင်ငံ သတင်းတွေ ငဲ့စောင်းကြည့်မလား။ တိုင်းရေးပြည်ရာ ပြဿနာတွေဟာ မြေကီးကနေ မီးစွဲတောက်လောင်လာတာဗျ။ ဘယ်လောက် အန္တရာယ်ကီးနိုင်တယ်ဆိုတာ အလွယ်နဲသိမြင်နိုင်ပါတယ်။ 

ဒီနေကျုပ်တိုတိုင်းပြည်မှာလည်း မြေကီးတွေ ပူလောင် မိုက်ကျွမ်းစပြုနေပီလို ဆိုရမယ်ဗျ။ 

လက်ပံတောင်းလို သယံဇာတတူးဖော်ရေးကိစ္စဟာ မြေယာပြဿနာ ဖြစ်လာနေတယ်။ ရန်ကုန်မို့တော် အနီးအနား ဝန်းကျင်တစ်ဝိုက်က မို့ပြနယ်မြေ တိုးချဲ့ရေးကိစ္စဟာ မြေယာပြဿနာ ဖြစ်လာနေတယ်။ ပြည်နယ်ဒေသတွေမှာ စွမ်းအင်ထုတ်လုပ်မှုကိစ္စတွေဟာ မြေယာပြဿနာဖြစ်လာနေတယ်။ 

ဒီလို မြေကီးကနေ မီးတောက်လာတဲ့ကိစ္စတွေဟာ မထိန်းသိမ်းကြ၊ မဖြေရှင်းကြရင် ကြာလေလောင်လေ၊ လူ့ဘောင်မီးစွဲလေ ဖြစ်လာလိမ့်မယ်ဗျို့။ 

၂၀ ရာစုအတွင်းက မြန်မာနိုင်ငံမှာဖစ်ပျက်ခဲ့တဲ့ မြေကိစ္စတွေက သမိုင်းသက်သေခံနေတယ်။ ၁၉၂၀ ပြည့် ကာလများအတွင်း မြေကီးပြဿနာဟာ ဆရာစံတာင်သူလယ်သမားသူပုန်ကီးကို မွေးဖွားပေးခဲ့တယ်။ ဂျပန်ခေတ် လယ်သမားတွေ လယ်မဆင်းနိုင်ဘူး။ မြေကီးပြဿနာက ဖက်ဆစ် တော်လှန်ရေး လူထုအရေးတော်ပုံကီးကို ဖန်တီးခဲ့တယ်။ 

အစိုးရအဖွဲဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ စတဲ့ တိုင်းရေးပည်ရေး တာဝန်ရှိသူတွေဟာ ဒီနှစ်ဆန်းပိုင်းလောက်ကစပီး မြေကီးကိစ္စ ဖြေရှင်းရေးလေသံတွေ ပစ်လာခဲ့ကြတယ်။ ဘယ်လို ပြဿနာထုထည်ပမာဏတွေကို စမ်းသပ်ရှာဖွေတွေရှိလေသလဲတော့ မပြောတတ်။ တိုင်းပြည်ရဲ့ မြေကီးပြဿနာတွေက တက်ပီးတက်ရင်း ခေါင်ညွန်ကို နင်းနေကြပီ။ 

ကျုပ်တို ပြောချင်တာကတော့ဗျာ။ စာရင်းအင်းတွေ၊ ကိန်းဂဏန်းတွေ၊ စီမံလျာထားချက်တွေ မဟုတ်ပါဘူး။ သဘောကိုပြောချင်တာပါ။ သဘာဝကို ပြချင်တာပါ။ 

ကြေီးဆိုတာ လှုပ်တတ်သဗျ။ မနှစ်က စစ်ကိုင်းတိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မြေငလျင်ကီး မှတ်မိရဲ့ မဟုတ်လား။ 

ကြေီးဆိုတာ ပိုတတ်သဗျ။ တလောက တတ်ပြည်ဘက်မှာ ပေါ်ပေါက်ခဲ့တဲ့ မြေပိုမှုကီးတွေ မြင်မိမှာပေါ့။ ပျက်လိုက်တဲ့အိမ်တွေ၊ သေလိုက်တဲ့လူတွေ။ နည်းမှတ်လို။ 

ကြေီးဆိုတာ မျိုတတ်သဗျ။ ဘုရားလက်ထက် ဒေဝဒတ် မြေမျိုခန်းလို ဖြစ်ရပ်ကအစ ဒီနေ့ခေတ် ကမ္ဘာနဲ့အဝန်း ကြက်သီးဖြန်းဖြန်းထစရာ ကြားနေကြရတဲ့ အိမ်တွေ၊ လူတွေ မြေကီးထဲ နစ်မြုပ်ပျောက်ကွယ်သွားတဲ့ မြေမျိုမှုတွေအထိပေါ့လေ။ 

ဒါ့ကြောင့် ကျုပ် အသည်းကြောင်ကြောင် ယောင်ကန်းကန်း ဟစ်လိုက်ချင်တာကတော့ မြန်မာပြည်မှာ  ...

ကြေီးတွေ လှုပ်ခါနီးပီဗျို့
ကြေီးတွေ ပိုခါနီးပီဗျို့။ 
မြေကီးတွေ မျိုခါနီးပီဗျို့။ ။ 

ဟံသာဝတီဦးဝင်းတင် 
ဒီလှိုင်းဂျာနယ် အတွဲ ၂၊ အမှတ် ၁၇ 


 

No comments: