ဆေးလည်းအစာ... ဆို
ဘယ်မှာလဲဆေး
ဘယ်မှာလဲ အစာ
ယမ်းငွေ့တွေ မွှန်လိုက်တာ...“ဟညဲလား”
“ဟညဲလား”
“ဟညဲဝူး” တို့လိုချင်တဲ့ “ငြိမ်းချမ်းရေး” ဆိုတာ
သေနတ်တွေနဲ့ ပစ်ခတ်ပြီးမှ ရမှာလား
ယမ်းငွေ့တွေ မွှန်လိုက်တာ...“ဟညဲလား”
“ဟညဲလား”
တိုက်ပွဲဖြစ်လို့ သေပြီဖြစ်တဲ့ “ဟညဲဝူး” မှာ
တိုက်ပွဲဖြစ်လို့ ဒဏ်ရာရနေတဲ့ “ဝူက” မှာ
တိုက်ပွဲဖြစ်လို့ ပြေးနေရတဲ့ “သား” တို့မှာ
ဘယ်လောက်ဝေးဝေး ပြေးနေရဦးမှာလဲဟင်
ယမ်းငွေ့တွေ မွှန်လိုက်တာ...“ဟညဲလား”
“ဟညဲလား”
သားတို့ စာသင်ကျောင်းလေး မရှိတော့ဘူး
သားတို့ ဘုရားကျောင်းလေး မရှိတော့ဘူး
သားတို့ အိမ်လေးလည်း မရှိတော့ဘူး
သားတို့ သူငယ်ချင်းတွေလည်း မရှိတော့ဘူး
သားတို့ ဘယ်ရွာကိုပြန်ရတော့မှာလဲ
ယမ်းငွေ့တွေ မွှန်လိုက်တာ “ဟညဲလား”
“ဟညဲလား”
“ဝူက” ကို ပြန်တွေ့ရဦးမှာလား
“ဟညဲဝူး” ကို ပြန်တွေ့ရဦးမှာလား
သူတို့ကရော သားတို့ကို ပြန်တွေ့ရဦးမှာလား
ဒီနေရာကနေ နောက်တစ်နေရာ ပြောင်းရဦးမှာလား
ဒီအာလူးတွေကုန်ရင် နောက်ထပ်အာလူးတွေ ရဦးမှာလား
သားရော ဒီဆေးပုလင်းကုန်ရင်
နောက် ဆေးပုလင်းသွင်းစရာကျန်သေးလား
...........လား
.................လား
........................လား
ယမ်းငွေ့တွေ မွှန်လိုက်တာ “ဟညဲလား”။ ။
ကချင်စကား / မြန်မာစကား
ဝူးက = အစ်ကိုကြီး
ဟညဲဝူး = အဖေ
ဟညဲလား - အမေ
ရနံ့သစ်၊ မေလ ၂၀၁၃
No comments:
Post a Comment