Wednesday, May 8, 2013

ကျွန်တော်တို့တိုင်းပြည်မှာ လူတွေက မဲတောင် မပေးတတ်သေးဘူး ...

(PR စနစ်ကို ပြတ်ပြတ်သားသား ပယ်ချလိုက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်နှင့်တွ့ဆုံခြင်း) 

မး ။ ။ အချိုးကျရွေးကောက်ခံမှု PR စနစ်ကို အခုဆိုရင် ကျွန်တော်တို့ဆီမှာ အပြောများလာကြတယ်။ ဒါပေမယ့် အများစုက သိပ်နားမလည်ကြသေးဘူးဆိုတော့ PR စနစ်ကို လူထုအလွယ် ဆုံးနားလည်နိုင်မယ့်အကြောင်းက ဘယ်လိုမျိုးဖြစ်မလဲခင်ဗျ။ 

ဖြေ ။ ။ ဒီအကြောင်းတရားတွေကတော့ ရှင်းပြနေရင် အများကြီးပေါ့နော်။ ကျွန်တ်ာပြောချင်တာကတော့ PR စနစ်က တိုင်းပြည်အတွက် မသင့်တော်သေးဘူးလို့ ပြောချင်တယ်။ 

မး ။ ။ ဘာကြောင့် မသင့်တော်သေးတာလဲခင်ဗျ။ 

ဖြေ ။ ။ ဘာကြောင့် မသင့်တော်သေးတာလဲဆိုတော့ PR စနစ်ဆိုတာ ဒီမိုကရေစီကို အလွန်နားလည်ကြတဲ့သူတွေ၊ ဒီမိုကရေစီနဲ့ပတ်သက်လို့ မဲပးတာပြုတာ၊ ဆန္ဒပေးတာတွေလည်း တတ်ကြပြီး လူတွေမှာလည်း နိုင်ငံရေးအယူအဆတွေအမျိုးမျိုးရှိပြီး ဒီအယူအဆတွေကိုလည်း နားလည်ပြီး လုပ်ကြတာ။ အဲဒီလိုအဖွဲအစည်းတွေဆိုရင် ကိစ္စမရှိဘူး။ အခုက ပါတီတွေများတယ်ဆိုတာ ကိုယ့်ဘာသာကို ကိုယ်ပိုင်ပါတီတွေထောင်နေကြတာ။ ကိုယ်ဘာသာ ကိုယ်ပိုင်အယူအဆတွေနဲ့ လုပ်နေကြတာ။ နိုင်ငံရေးအယူအဆကျတော့ ခိုင်ခိုင်မာမာရှိကြတာ မဟုတ်ဘူး။ 


မး ။ ။  PR စနစ်ဆိုတာကို နားလည်အာင်ရှင်းပြပါဦးခင်ဗျ။ 

ဖြေ ။ ။ PR စနစ်ဆိုတာ ပါတီပြိုင်တာပဲဗျာ။ ပါတီနာမည်နဲ့ ပြိုင်တာ။ ပါတီကိုမဲပေးလို့ ဥပမာ ရှမ်းပြည်မှာ ၁ဝ မဲ ရမယ်။ မန္တလေးတိုင်းမှာ ၁ဝ မဲ ရမယ်။ မကွေးတိုင်းမှာ ၁ဝ မဲ ရမယ်။ မဲ ၃ဝ ရ မယ်။ (သတ်မှတ်ချက်က) ၂၅ မဲရရင် အမတ်တစ်ယောက်ဆိုခင်ဗျား ၃ ပြည်နယ် (ရှမ်း၊ မန္တလေး၊ မကွေး) က မဲတွေပေါင်းပြီး ခင်ဗျား အမတ်တစ်နေရာ ရမှာပဲ။ ဒီလိုဟာမျိုးနဲ့ လုပ်တာ။ ဆိုလိုတာကတော့ ကိုယ်ပိုင်ပါတီလေးတွေ (အမတ်နေရာ) ရအောင်ဆိုပြီးတော့ပးတာ။ 

မး ။ ။  အဲဒီလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်သွားမလဲခင်ဗျ။

ဖြေ ။ ။  အဲလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်မလဲဆိုတော့ အစိတ်စိတ် အမြွှာမြွှာတွေဖြစ်မယ်။ ဟိုပါတီ ဒီပါတီ ဟိုမဲဒီမဲနဲ့ လူပေါင်းများစွာရောက်လာ။ အလိုလိုနဲ့ ကျွန်တော်တို့တိုင်းပြည်မှာ အကွဲကွဲအပြဲပြဲတွေ ဖြစ်နေရတဲ့ကြားထဲ အကွဲအပြဲမခံနိုင်ဘူး။ ကွဲရင်းကွဲရင်း ပါတီကြီးတွေကွဲ။ အသုံးမကျလို့ ပါတီကီးတွေကွဲရင် တိုင်းပြည်နစ်နာချင်လည်း နစ်နာပါစေ။ ဒီပါတီလေးတွေက ရှင်းရှင်းပြောရရင် ဘာမူမှလည်းမရှိ ဘာရည်ရွယ်ချက်မှ ရှိသေးတာမဟုတ်ဘူး။ လူတစ်စုက သူ့ဘာသာသူ ပါတီထာင်တဲ့ လူတစ်စုပဲ။ အဲဒီလူတစ်စုက သူ့တို့ဘာသာသူတို့ ပါတီထောင်ပြီး သူတို့ပါတီမဲတွေရပြီး သူတို့ပါတီအမတ်တွ တစ်ယောက် နှစ်ယောက် သုံး ယောက်ဆိုပြီး ကောက်သင်းကောက် ဗြုတ်စဗျင်းတောင်းလုပ်တဲ့ အနေအထားမျိုးဖြစ်မှာ။ ကျွန်တော်တို့တိုင်းပြည်မှာ လူတွေက မဲတောင် မပေးတတ်သေးဘူး။ နောက်ပြီးတော့ တိုင်းပြည်ကို ဦးဆာင်တယ်ဆိုတာ အင်အားကောင်းတဲ့ ပါတီက ဦးဆောင်ရမှာဗျ။ ဘာမှ မဟုတ်သေးတဲ့ ဟိုကပါတီ ဒီကပါတီလးတွေနဲ့ ဘယ်လိုလုပ် တိုင်းပြည်ကို ဦးဆောင်မှာလဲ။ အဲဒီလူတွေက တိုင်းပည်ကို ဘယ်လို ဦးဆောင်မှာလဲ။ လွှတ်တ်ာထဲရောက်ရင်လည်း အဲဒီပါတီ အမတ်တွေအကုန်လုံး စုဖွဲ့ထားရင်ရော ဒီလွှတ်တော်က ဘယ်လောက်ထိသြဇာရှိတဲ့ လွှတ်တော်ဖြစ်မှာလဲ။ ဘယ်လောက်ထိ လူထုထောက်ခံမှုရတဲ့ လွှတ်တော် ဖြစ်မှာလဲ။ အဲလို ပြောစရာတွေ ရှိပါတယ်။

မး ။ ။  ဒါဆိုရင် ပါတီလေးတွေက ဘယ်လိုလုပ်မလဲ ခင်ဗျ။ လွှတ်တော်ထဲ ရောက်ဖို့။ 

ဖြေ ။ ။ ကျွန်တော်လက်ခံတာကတော့ ပါတီတွေ အားကြီးအောင် အားကောင်းအောင်ဖွဲ့ပါ။ အားကောင်းတဲ့ပါတီက အားကောင်းသလိုဝင်ပြီးတော့ ပြိုင်ကြပါ။ အားကောင်းတဲ့ပါတီ၊ အနိုင်ရတဲ့ ပါတီက အမတ်ရမယ် အစိုးရဖွဲ့လို့ရမယ်။ ကျွန်တော်က အဲဒါပဲ လိုချင်ပါတယ်။ ဘာကြောင့် ဒါကိုပြောရလဲဆိုရင်။ ဥပမာ တခြားပါတီက မဲ ၄ဝ။ ၁ဝ။ ၁ဝ စုစုပေါင်း ၆ဝ ရတယ်ဆိုပါဆို့။ အနိုင်ရတဲ့ပါတီက ၄၅ မဲရပြီး နိုင်တယ်ဆိုရင် မဲပေးခဲ့သူတွေအကုန်လုံးကို ကိုယ်စားမပြုဘူးလို့ ပြောကြတယ်။ ဒါလည်း မမှန်ဘူး။ ဝင်အရွေးခံတဲ့အမတ် တစ်ယောက်က ဘယ်ပါတီက ဖြစ်ဖြစ်။ ငါ့ကို မဲမပေးတဲ့သူတွေနဲ့ မဆိုင်ဘူးလို့ လုပ်လို့မရဘူး။ မင်း (မဲမပေးတဲ့သူတွရဲ့) အကျိုးစီးပွားကို လုပ်မပေးနိုင် ဘူးလို့ ကြေညာလို့လည်း မရဘူး။ သိလည်း သိတာမဟုတ်ဘူး။ လျှို့ဝှက်မဲ ပေးကြတာပဲ။ ဘယ်သူကမဲပေးတယ် မပေးဘူး မသိနိုင်ဘူး။ ရှုံးတာ နိုင်တာတာ့ရှိမှာပေါ့ဗျာ။ မဲများများရတဲ့သူ လူများများထောက်ခံတဲ့သူက နိုင်မှာပေါ့ ဗျာ။ 

ဆိုတော့ အမတ်တစ်ယောက်က။ သူ မြောက်ဥက္ကလာကနေ အရွေးခံရပြီဆို မြောက်ဥက္ကလာထဲမှာ သူ့မဲတွေက ပြန့်ကျဲနေမယ် ၁ဝ မဲတွေလည်း ရှိမယ်။ ၁၅ မဲ။ ၂ဝ။ ၃ဝ ရှိမယ်။ ဘာပဲပြောပြော သူက ၄ဝ ရတဲ့အတွက် နိုင်တယ်ဆိုရင် ကျန်တဲ့သူတွေအတွက် သူ့ရဲ့မဲဆန္ဒနယ်အတွက် သူက လုပ်ပေးရမှာပဲ။ သူ လွှတ်တော်ထဲသွားတဲ့အခါ ကျွန်တော့်ကို မဲပေးတဲ့သူကိုပဲ ကျွန်တော်ကိုယ်စားပြုတယ်။ ကျွန်တော့်မဲပေးတဲ့သူရဲ့ အကျိုးစီးပွားကိုပဲ ဆောင်ရွက်နိုင်မယ်ဆိုတာမျိုးကြေညာလို့ရတာမှ မဟုတ်တာ။ သူက မြောက်ဥက္ကလာပမြို့နယ် အမတ်ပဲ။ မြောက်ဥက္ကလာပမြို့နယ် တစ်ခုလုံးကို ကိုယ်စားပြုရမှာ၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ပြည်သူအားလုံးရဲ့ အကျိုးစီးပွားကို လုပ်ဆောင်ရမှာ။ ဒါကြောင့် အခုပြောနေတဲ့ ကိုယ်စားပြုမှုနည်းတယ်။ များတယ်။ ကိုယ်စားပြုမှု မရှိဘူးဆိုတာတွေလည်း မှားတယ်လို့ ကျွန်တော် ယူဆတယ်။ နောက်တစ်ချက်က ဒီနေ့ဟာ အင်အားကြီးတဲ့ပါတီတွေ ထူထောင်ရမယ်။ အင်အားကြီးတဲ့ဟာတွ ထူထောင်ရမယ်။ အင်အားကြီးတဲ့ နိုင်ငံရေးအဖွဲ့တွေ ထူထောင်ရမယ်။ အဲဒီ အဖွဲ့အစည်းတွေကသာလျှင် ယှဉ်ပြိုင်ပြီးတော့ ပြည်သူအကျိုးကို ဘယ်လို ထမ်းရွက်မလဲဆိုတာကို ဆောင်ရွက်သွားဖို့ပဲရှိတယ်။ 

ပါတီတွေက ပါတီအင်အားကြီးတာနဲ့အတူ ပြည်သူလူထု ထောက်ခံမှုကို သယ်ဆောင်လာရင် လွှတ်တော်ထဲမှာ သူတို့ပါတီဟာ အစိုးရ ဖွဲ့ချင်ဖွဲ့နိုင်မယ်။ သူတို့လည်း အတိုက် အခံပါတီဖြစ်ချင်ဖြစ်မယ်။ ကိစ္စမရှိဘူး။ အဲဒီလိုဖြစ်မှသာလျှင် လွှတ်တော်ကလည်း ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်တဲ့ လွှတ်တော်လို့ ပြောလို့ရမယ်။ ဗြုတ်စဗျင်းတောင်းနဲ့ တစ်ယောက်ချင်း ဟိုက ဒီက ကောက်သင်းကောက်သလို ထည့်ချင်တာထည့် ကောက်ကြီးစပါးလည်း ပါမယ်။ ဧည့်မထလည်းပါမယ်။ ငစိန်လည်းပါမယ်ဆိုရင် ထမင်းချက်လို့ မရဘူး။ ချက်ရမှာက ကောက်ကြီးချက်ရင် ချက်။ ဧည့်မထချက်ရင် ချက်။ ငစိန်ချက်ရင် ချက် ဒီလိုပဲချက်ရမှာပဲဆိုတော့ အင်အားကြီးတဲ့ ပါတီအဖွဲ့အစည်းတွေကသာလျှင် ရွေးကောက်ပွဲမှာဝင်ပြိုင်ပြီးတာ့ အနိုင်ရအောင် လုပ်။ လူထုထာက်ခံမှုရအောင် လုပ်၊ ပြီးတဲ့အခါ လွှတ်တော်ကိုရောက်အောင် လုပ်၊ လွှတ်တ်ာထဲရောက်ရင် အင်အားကြီးရင်ကီးသလို အနိုင်ရတဲ့ပါတီတွေက အစိုးရဖွဲ့၊ အင်အားနည်းတဲ့ပါတီက အတိုက်အခံလုပ်။ ဒါပဲလို့ ကျွန်တော်ကတော့ သဘောထားတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့်သာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေး၊ တိုင်းပြည်ရဲ့ လူ့အခွင့်အရေး။ တိုင်းပြည်ရဲ့ ပြည်ထောင်စု အရေးကိစ္စတွေမှာ ပြည်သူရဲ့အကျိုးကို ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော် ယူဆတယ်။ အဲဒီအတိုင်းလုပ်ခြင်းသာလျှင် မှန်တယ်လို့ ကျွန်တော်ယူဆတယ်။ 

မး ။ ။  PR စနစ်ကိုတကယ်တမ်းကျင့်သုံးမယ်ဆိုရင်ရော ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်မလဲခင်ဗျ။ 

ဖြေ ။ ။  ခုနကပြောခဲ့သလိုပါပဲ။ PR စနစ်ကို ကျင့်သုံးဖြစ်မယ်ဆိုရင် လွှတ်တ်ာထဲကိုရောက်တာနဲ့တစ်ပြိုင်နက် ဆိုပါတော့ဗျာ အခုဆိုရင်လွှတ်တော်ထဲမှာ ကြံ့ဖွံပါတီရှိမယ်။ NLD ရှိမယ်။ တခြားပါတီလးငါးခု ရှိမယ်။ ဟိုအချိန်ကျရင် ပါတီတွေအကုန်လုံး ဗြုတ်စဗျင်းတောင်းနဲ့ အထက်လွှတ်တော် အောက်လွှတ်တော် နေရာပေါင်းများစွာမှာဖြစ်လာပြီး ပါတီကြီးတွေဆိုတာလည်း လျော့သွားမယ်။ ပါတီကြီးတွေကလည်း အင်အား အကွဲကွဲအပြဲပြဲဖြစ်မယ်။ ပါတီငယ်လေးတွေကလည်း ဟိုကဒီကနဲ့ ကိုယ်စားပြုသူတွေ ရာနဲ့ချီရှိမယ်ဆိုရင် အဲဒီလွှတ်တ်ာက သုံးလို့ရမှာ မဟုတ်တော့ဘူး။ သြဇာလည်းရှိမှာ မဟုတ်တော့ဘူး။ အာဏာလည်းရှိမှာ မဟုတ်တော့ဘူး။

မး ။ ။  ဒါပေမယ့် အခု ပါတီအချို့က PR စနစ်ကို လိုလားကြတယ်နော်။ 

ဖြေ ။ ။ ဒီလုပ်ငန်းကို လိုလားတယ်ဆိုတဲ့သူတွေက နှစ်မျိုးရှိတယ်လို့ ကျွန်တော် ယူဆတယ်။ တစ်မျိုးက ဘာလဲဆိုတော့ အင်အားကို မရှိဘူး။ လူထုထောက်ခံမှု ပြည့်ပြည့်ဝဝ မရှိဘူး။ ဘယ်လိုခေါ်မလဲ လူထုထောက်ခံမှုကို လူရာဝင် သူရာတွင်ထာက်ခံမှုမရတဲ့ ပါတီလေးတွေရဲ့ (PR စနစ်ကို) ထောက်ခံမှု ဆန္ဒသဘောထားလို့ ထင်တယ်။ နောက်တစ်မျိုးက ဘာလဲဆိုတော့ မြန်မာပြည်မှာ အင်အားကြီးတဲ့ပါတီတွေ ဦးဆောင်တာကို မလိုလားတဲ့ သဘောထားရှိတဲ့ နိုင်ငံရေး အင်အားစုတွေ သို့မဟုတ်လည်း အခြားအခြားသော အင်အားစုတွေ၊ အဲလိုအဖွဲအစည်းတွေက အင်အားကြီးတဲ့ နိုင်ငံရေးပါတီတွေ အဖွဲအစည်းတွေ မရှိစေချင်ဘူး။ အဲလိုရှိရင် သူတို့မှာ လုပ်ရကိုင်ရ ထိန်းရသိမ်းရ ခက်မယ်လို့ သူတို့ထင်တယ်။ ဒီလို ဗြုတ်စဗျင်းတောင်းတွေစုထားရင် ဟိုပါတီ ဒီပါတီကို တပည့်မွေးလို့ ရမယ်။ ခွံလို့ ရတယ်။ ကျွေးလို့ ရတယ်။ သြဇာပေးလို့ ရတယ်ပေါ့ဗျာ။ အဲဒီလိုဟာမျိုးအတွက် အကံအစည်သာဖြစ်တယ်လို့ ကျွန်တော်က ပြောချင်ပါတယ်။ 

မး ။ ။  ပြီးခဲ့တဲ့ရွေးကောက်ပွဲ မဲပေးတဲ့ စနစ်ကိုတောင်မှ လူထုကကောင်းကောင်း နားမလည်သေးတာဆိုတော့ အခု PR စနစ်ပြောဆိုမှုထက် ပညာပေးလုပ်ငန်းတွေ ဘယ်လိုလုပ်ရင် ကောင်းမယ်လို့ထင်လဲခင်ဗျ။ 

ဖြေ ။ ။ ကျွန်တော်ထင်တယ်။ ပညာ ပေးတာကနောက်ဗျ။ ပညာမပေးခင်ကို ဒါတွေ (PR စနစ်လုပ်ဆောင်မှု) ကို မလုပ်ပါနဲ့လို့ ကျွန်တော် ပြောချင်ပါတယ်။ ပညာပေးမယ်ဆိုရင် ကျွန်တော်တို့ နောက်ထပ် ၄ နှစ် ၅ နှစ် ၁ဝ နှစ် ပညာပေးလုပ်ငန်းတွေ လုပ်ရဦးမှာပါ။ ဒီအချိန်မှာ ဒီစနစ်ကို လက်မခံဆိုပြီး ငြင်းဖို့ပဲ ကျွန်တော် တိုက်တွန်းချင်တယ်။ ဒီစနစ်ကို ပယ်ချဖို့ပဲ၊ ဒီစနစ်ကို လက်မခံဖို့ဘဲ အကြောင်းရှိတယ်။ ပညာပေးနဖို့မလိုဘူး။ လက်မခံတဲ့စနစ်ကို ပညာပးဖို့အကြောင်း ကျွန်တော် မပြောချင်ဘူး။ ပြောလည်း မပြောဘူး။ ပြောစရာလည်းမလိုဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ပြောချင်တာက ဒီစနစ်က အချိန်မတိုင်သေးပါဘူး။ အကျိုးလည်း မရှိပါဘူး။ ဒါကြောင့် မလုပ်ပါနဲ့ ဒီစနစ်ကို လက်မခံပါနဲ့ ဒါပဲပြောချင်တယ်။ ပညာပေးချင်တယ်ဆိုရင်တော့ ဒီစနစ်ကို လက်ခံတဲ့သူတွေက သူ့ဘာသာ ပညာပေးလုပ်ငန်းလုပ်နေရုံပဲ။ ဒါကက်ာမရှင်နဲ့လည်း မဆိုင်ဘူး။ လွှတ်တ်ာနဲ့လည်း မဆိုင်ဘူး။ အစိုးရနဲ့လည်း မဆိုင်ဘူး။ 

မး ။ ။  မြန်မာနိုင်ငံလို ဒီမိုကရေစီဖွံ့ဖြိုးစနိုင်ငံအတွက် ဘယ်လိုရွေးကောက်ပွဲစနစ်က အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်ပါသလဲခင်ဗျ။ 

ဖြေ ။ ။ ကျွန်တော်တို့ ရွေးကောက်ပွဲစနစ်က များရာသူက နိုင်ဖို့ပဲ။ လူထုထာက်ခံမှုများများရတဲ့ပါတီက နိုင်ဖို့ပဲ။ အဲဒီစနစ်ကိုပဲ ကျွန်တော်တို့ လက်ခံခဲ့တယ်။ ကျွန်တော်တို့ NLD ဆိုလို့ရှိရင် ၁၉၈၈ စက်တင်ဘာလ ၂၇ ရက် နေ့မှာ စပြီးတော့ ဖွဲ့တယ်။ အောက်တိုဘာလအတွင်းမှာ ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဒီ PR စနစ်ကို တင်လာတာ။ PR စနစ်ကို မြန်မာပြည် နိုင်ငံရေးလောကမှာ စပြီးပြောတာ NLD မှာ စပြီးပြောတာ။ NLD က လူတချို့က တင်တယ်။ ဗိုလ်အောင်ကြီးတို့ စစ်ဗိုလ်အုပ်စုဘက်က တင်တာရှိတယ်။ ကျွန်တော်တို့ လက်မခံဘူးဆိုပြီး ငြင်းခဲ့တယ်။ ဒီနေ့ထိလည်း ကျွန်တော်တို့ လက်မခံဘူး။ လာမယ့် ရွေးကောက်ပွဲကာလရော။ လာမယ့် ၄၊ ၅၊ ၁ဝ နှစ်ထိ ကို ဒီစနစ်ကို လက်ခံစရာမရှိဘူးလို့ ယူဆထားတယ်။ 

မး ။ ။  ဒါဆိုလက်ခံနိုင်တဲ့ အနေအထားက ဘာများဖြစ်မလဲခင်ဗျ။ 

ဖြေ ။ ။ လက်ခံနိုင်တဲ့ အနေအထားက ဘာလဲဆိုရင် တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို နားလည်တဲ့အချိန်၊ တိုင်းပြည်က ဒီမိုကရေစီစနစ် အကျင့်စရိုက်၊ အကျင့်သိက္ခာ၊ အတတ်ပညာတွေ ကွယ်ဝတဲ့အချိန်ကျရင် သုံးချင်သလို သုံး။ အဲလိုသုံးတဲ့အခါမှာလည်း တစ်တိုင်းပြည်လုံးကိစ္စမှာ မသုံးသင့်ဘူး။ ဥပမာ မြူနီစပယ် (စည်ပင်သာယာ) ရွေးကောက်ပွဲတွေမှာ၊ ပြည်နယ်ရွေးကာက်ပွဲတွေမှာ၊ တိုင်းရွေးကောက်ပွဲတွမှာလုပ် နောက်ပိုင်းကြရင်။ အဲဒီ အချိန်ကျမှပဲ အဲဒီအဆင့် (PR အဆင့်) ကိုရာက်လာမယ်လို့ ကျွန်တော် ထင်တယ်။ တစ်တိုင်းပြည်လုံး ပြည်လုံးကျွတ် ရွေးကောက်ပွဲမျိုးမှာ PR စနစ်က လက်ခံဖို့မရောက်သေးဘူးလို့ ကျွန်တော် ယူဆတယ်။ 

မး ။ ။  လာမယ့်ရွေးကောက်ပွဲမှာ ပြည်နယ်တိုင်းအဆင့် PR စနစ်ကျင့်သုံးမယ်ဆိုရင်ရော ခင်ဗျ။ 

ဖြေ ။ ။  ပြည်နယ်တိုင်းအဆင့်ကို မဟုတ်ပါဘူး။ ဒီနေ့ ဒီကာလမှာ ဒီစနစ်ဟာ တိုင်းပြည်အတွက် အသုံးမဝင်သေးဘူး အသုံးမကျသေးဘူး အသုံးမတည့်သးဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။ ဒါကြောင့် လက်မခံဘူး။ မကျင့်သုံးပါနဲ့ဦးလို့ ပြောတာပါ။ 

မး ။ ။  PR စနစ်မှာလည်း ဖြေရှင်းနိုင်တဲ့ အားသာချက်တွေရှိတယ်လို့ ပညာရှင်အချို့က ဆိုထားတယ်ခင်ဗျ။

ဖြေ ။ ။ ပညာရှင်တွေဆိုရင်တော့ သူတို့နဲ့ထပ်ပြီး (အသေးစိတ်) ဆွေးနွေးတာ ကောင်းပါတယ်။ ကျွန်တော်ကတော့ နိုင်ငံရေးသဘောတရားအရ များရာဟာပဲ ကျွန်တော် လက်ခံတယ်။ ဒီလို (PR)ဟာမျိုး လက်မခံဘူး။ အသေးစိတ်ကတော့ ပညာရှင်တွေပြောကြဆိုကြပါ။

မး ။ ။  PR စနစ်နဲ့ပတ်သက်ပြီး ကျွန်တော်မေးလို့ကျန်သွားတာ ဖြည့်စွက် ပြောချင်တာများရှိရင် သိချင်ပါသေးတယ်ခင်ဗျ။

ဖြေ ။ ။  မရှိပါဘူး။ အဲဒါပါပဲ။ ကျွန်တော်ကတော့ မလုပ်သင့်သေးဘူးထင်ပါတယ်။ မလုပ်သင့်သေးဘူး ထင်တဲ့အတွက် အဆင့်ဆင့် တစ်တိုင်းပြည်လုံး အတွက်လည်း မလုပ်သင့်သေးဘူး။ အောက်ခြေအဆင့်လည်း မလုပ်သင့်သးဘူးလို့ ထင်ပါတယ်။ လုပ်သင့်တဲ့ အချိန်ရောက်ဖို့အတွက် ပညာပေးဖို့လိုတယ်ဆိုရင် (ကျွန်တော်တို့က လက်မခံတဲ့အတွက် ပညာပေးလည်းမလုပ်ခိုင်းပါနဲ့) အဲဒီ (PR) စနစ်ကို လက်ခံတဲ့ ပါတီလေးတွေက ကိုယ့်နေရာကိုယ့် လူထုကြားထဲမှာ လက်ခံအောင်ပညာပေးပါဦးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျ။ 

ဉာ ဏ် လ င်းေ အာ င် ေ တြဆံု ေ မ း မြ န်း သ ည် 
Popular Myanmar News Journal


 

No comments: