Friday, November 2, 2012

လ (ကမာပုလဲ)

ကျနော် အကြိမ်ကြိမ်မက်ခဲ့တဲ့ … အချစ်ပဲ ။

သူ့ကြောင့်ပဲ ကျနော် အိမ်ကို ချစ်တတ်ခဲ့
သူ့ကြောင့်ပဲ အိမ်နဲ့ ခွဲခွာခဲ့
သူ့ကြောင့်ပဲ …. ။

ကျနော်ဟာ ဘယ်လို သတ္တဝါလေးလဲ
ကျနော် ခုထိ ကိုယ့်ကိုယ်ကို မသိသေးပါဘူး … မေမေ …။


ဒါပေမဲ့ မေမေရယ် …
လရောင်ကို တွေ့တော့ …
ကျနော် … အိမ်ပြန်ချင်တယ် … ။ ။

ကမာပုလဲ 
၂၊ ၁၁၊ ၂၀၁၂

No comments: