Friday, October 19, 2012

မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဒဂုန်တာရာ၏ ကန့်ကွက်လွှာ

ကျေးလက်နေ ပြည်သူများခင်ဗျား 
မြို့ပြနေ ပြည်သူများခင်ဗျား 

ကျွန်တော်သည် ခင်ဗျားတို့၏ ကန့်ကွက်သံများကို ကြားနေရပါသည်။ ခင်ဗျားတို့ဒေသသားများ၏ ခံစားချက်အတိုင်း ခံစားနေရပါသည်။

တကယ်က ကျနော်တို့တိုင်းပြည်သည် သယံဇာတ အလွန်ကြွယ်ဝသော တိုင်းပြည်ဖြစ်ပါသည်။ သဘာဝအလျှောက်ရှိနေသော သယံဇာတ အရင်းအမြစ်များကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကိုလည်းကောင်း ပျက်စီးအောင်ပြုလုပ်နေခြင်းက အလွန် အကျည်းတန် အရုပ်ဆိုးသည်ဟု ထင်ပါသည်။ ထို့ကြောင့် သယံဇာတကို ထုတ်ယူမသုံးစွဲဘဲ သဘာဝ မပျက်စီးအောင်ထားရှိခြင်းက အလွန်ကောင်းပါသည်။


ထို့ကြောင့် မုံရွာခရိုင်ရှိ လက်ပံတောင်းတောင်ခြေအနီးမှ ရွာသားများနှင့် မုံရွာမြို့သားများနည်းတူ ခံစားရပါသည်။

ထို့ကြောင့် လက်ပံတောင်းတောင် စိမ်းလန်းစိုပြေရေးနှင့် ကျေးရွာသားများ၏ စားဝတ်နေရေးပြေလည်အောင် မေတ္တာပို့သအပ်ပါသည်။

ပြည်သူလူထု စည်းလုံးညီညွတ်ရေးကို မြှင့်တင်ရန် လိုအပ်ပါသည်။

လက်ပံတောင်းတောင် ကြေးနီလုပ်ငန်းစီမံကိန်းကို လုံးဝ အပြီးအပြတ် ဖျက်သိမ်းရန် တောင်းဆိုလိုက်ပါသည်။

ဒဂုန်တာရာ 
ပန်းကြာဝတ်မှုန်
ရန်ကုန်မြို့
၁၆. ၁၀. ၂၀၁၂


 

No comments: