Thursday, October 18, 2012

တကယ်တော့ မင်းကိုနိုင်၏ ရွှေရတု (ကျော်သူ)

တကယ်တော့ …
ခံစားမှုဟာ အာဏာရှင်တွေ ပေါ်ပေါက်လာစေနိုင်သလို
သွေးမျိုးဆက်သစ်တွေ ပေါ်ပေါက်လာစေခဲ့တယ်။

တကယ်တော့ …
ပေါက်ကွဲမှုဟာ စည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံ ဧရာဝတီစိတ်ဓာတ်ကို မွေးဖွားနိုင်စေခဲ့တယ်။


တကယ်တော့ …
ရဲရင့်မှုဟာ ကမ္ဘာမြေကြီးကို သွေးချောင်းစီးစေနိုင်သလို
မဟာပထဝီမြေကြီး စိမ်းလန်းသာယာပြီး ငြိမ်းချမ်းမှုကို ဖြစ်ပေါ်စေနိုင်တယ်။

တကယ်တော့ …
မင်းကိုနိုင်ဆိုတဲ့ မင်းကိုနိုင်ဟာ
ကြမ်းတမ်းဆိုးမွေ့တဲ့ နိုင်ငံ့ဥယျာဉ်မှူးဖြစ်ရမယ်။

(မင်းကိုနိုင် အသက် (၅ဝ) နှစ်ပြည့် မွေးနေ့မင်္ဂလာအတွက် အဝေးတစ်နေရာမှ ကျော်သူနှင့် နယူးယောက်မြို့နေ ပန်းချီ မင်းကျော်ခိုင်တို့၏ အမှတ်တရရေးချက်နှင့် ကဗျာအား ရွှေရတုမွေးနေ့အဖြစ် ပူးပေါင်းဂုဏ်ပြုသည်။) 


 

No comments: