စစ်ပွဲတွေကို …
ခင်ဗျားခံစားချင်တဲ့ အသားတဖတ်နဲ့
လဲလို့ ရပါသလား ...
စစ်ပွဲတွေကို
ခင်ဗျား ရပ်ချင်တဲ့ ခြေလှမ်းတွေနဲ့ ရပ်ပစ်လို့ ရပါသလား ...
စစ်ပွဲတွေကို
ခင်ဗျားရဲ့ ရွှေပြည်အေးတရားနဲ့ တားဆီးလို့ ရပါသလား ...။
စစ်ပွဲတွေကို
ခင်ဗျားရဲ့ ရန်သူ့ သွားကြားထိုးသံနဲ့ ငြိမ်းအေးလို့ရပါသလား ...
စစ်ပွဲတွေကို
အဲဒီကလေးမရဲ့ အပျိုရည် ပျက်မှုတွေနဲ့
လဲလှယ်လို့ရပါသလား ...
စစ်ပွဲတွေကို ... ... ။ ။
ကမာပုလဲ
ဝင်းမော်ဦး ကျဆုံးတဲ့နေ့မှာ ရေးတယ် ...
၂၀၁၂
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
2 months ago

No comments:
Post a Comment