Wednesday, September 19, 2012

တမတ်တန် … ငယ်အိပ်မက်များ (ကမာပုလဲ)

ငွေတမတ်နဲ့
ချေဂွေဗါးရား ဖြစ်ခဲ့ …
ငွေတမတ်နဲ့
မဟာဗန္ဓုလ ဖြစ်ခဲ့ …
ငွေတမတ်နဲ့
ငြိမ်းချမ်းရေး ချိုးငှက်ဖြစ်ခဲ့ …
ငွေတမတ်နဲ့
ဧကရာဇ် မင်းတပါးလည်း ဖြစ်ခဲ့
ငွေတမတ်နဲ့ …။


အဲဒီ ငွေတမတ်နဲ့
ငါးကြင်းခေါင်း ကိုင်ရတဲ့ အိပ်မက်
ခလေးဆိုတော့ မက် မတတ်ခဲ့ဘူး …။

ကျောင်းလွယ်အိတ်ထဲ
တမတ်တန် ကပ်ခွာကလေးများ
လက်ဖဝါးပေါ်က အရှိုးရာများနဲ့ လဲခဲ့တယ် …။ ။

ကမာပုလဲ 
၂ ၀ ၁ ၂


 

No comments: