Friday, September 14, 2012

ငှက်တချို့ ... ပြာနှမ်းသွားခြင်း အကြောင်း (ကမာပုလဲ)

စုံလုံးကန်းနေရတာလည်း မှန်တယ်
မြားဆိပ်သင့်နေတာလည်း မှန်တယ် ...။

ဆယ်လမွန်ငါးတွေများလား ...
အုပ်ဖွဲ့ ပြန်လာကြမယ် ကြားလို့
စိတ်က
မဝံ့မရဲနဲ့ အပြေးအလွှား
သွားလို့ ကြိုကြည့်လိုက်ချင်စမ်းလှပါတယ်။


အမေကြီးရဲ့
မီးခိုးတွေ အူနေတဲ့ မျက်ဝန်းထဲ
ငါးသိုင်းငါးတွေ
ပျော်ပါး ကခုန်နေကြပုံများ
ကုထုံးနဲ့ ဆေးချက်သာ ကုန်သွားတယ် ...။

ခေတ်ပျက်ညတွေအကြောင်း ပြောပါတယ်။ ။

ကမာပုလဲ 
၀၃၀၈၂၀၁၂


 

No comments: