Tuesday, September 11, 2012

ဂစ်တာတလက်ရဲ့ ... သမိုင်းအဖြစ်အပျက်တွေ အကြောင်း (ကမာပုလဲ)

ကြားခဲ့ဖူးတယ်
မီးလောင်နေတဲ့ ရောမမြို့ကြီးမှာ 
နီရိုးဘုရင် တယောထိုး မပျက်ခဲ့ဘူးလို့ ...။

လီနင်ဂရက် တိုက်ပွဲမှာ
ခုခံ ကျဆုံး ပြည်သူများ ...။

ဟစ်တလာ
ဘာလင်ဟာ ... သူ့အာဏာ
ဘာလင်ဟာ ... သူ့ယာဇ်ပလ္လင်
ဘာလင်ဟာ သူ့ရဲ့ စုတ်ပြတ်နေတဲ့ သင်္ချိုင်း ...။

ဘာလင်က ဟစ်တလာ
ဂစ်တာ မတီးခတ်နိုင်ခဲ့ပုံ ...။ ။

ကမာပုလဲ 
၀၉၀၉၂၀၁၂


 

No comments: