Friday, September 28, 2012

သစ်ပင် (ကမာပုလဲ)

သွေးဥနေတဲ့ ခြေဖဝါးမဟုတ်ဘူး
သွေးစိမ်းရှင်ရှင် စိမ့်ယို စီးဆင်းနေတာ …။

မြေသားက ဖုံးကွယ်ထားပေးတယ်
ခက်မြ ကြမ်းလျှ ကျောက်စိုင်တွေက
အတူနေ လက်တွေ့ ဘဝတွေပဲ …။

ကိုယ်လုံးတီး ချွတ်အရိုက်ခံရတဲ့ ညတွေမှာ
အရှိုးရာ တပြပြနဲ့ … မျက်ရည်ကျဖို့ ဝေးစွ။


တဆစ်ဆစ်နဲ့ … ဝေဒနာကို မမွေးဘူး
ဒဏ်ရာကျက်ရင် …
အပွင့် အခက် ရွက်နုကလေးတွေ ဝေစေမယ်။

ဒါ …
ယုံကြည်ချက် … လမ်း
အလွမ်း …
သူလည်းပါတယ်လေ …။ ။

ကမာပုလဲ 
၂၈၊ ၀၉၊ ၂၀၁၂

No comments: