Thursday, August 23, 2012

ဈေးပေါင်ကျိုး (မောင်လွမ်းဏီ)

မြေ
သိမ်းတယ်၊

ယာ
သိမ်းတယ်၊

မြစ်
သိမ်းတယ်။

တောင် 
သိမ်းတယ်၊

သယံဇာတ
သဘာဝ သိမ်းတယ်၊


အာဏာ
သိမ်းတယ်၊

အချုပ်အချာ
အာဏာ သိမ်းတယ်၊

ရရင်
သူတို့ သင်္ချိုင်းတောင်
သူတို့ သိမ်းတယ်၊

မပြောနဲ့တော့
၁၀ သိန်းလောက်နဲ့တောင်
၈ လေးလုံးသမိုင်းကို သိမ်းလို့ရတယ်။

မောင်လွမ်းဏီ 
၇ - ၈ - ၂၀၁၂


 

1 comment:

မင်း said...

ဒီလိုသူတို့သိမ်းခြင်တိုင်းသိမ်းလို့မရဘူး။ ပြည်သူတွေက
ငြိမ်နေမှာမဟုတ်ဘူး။ ဒါဟာ ဆင်သေစီးတဲ့ကျီးမိုက်လိုပဲ။



မောင်လွမ်းဏီဧ။်ပရိတ်သတ်။