Tuesday, August 21, 2012

ပုံနှိပ်ထုတ်ဝေရေး

 
သြဂုတ် ၂၀ ရက်နေ့ကတွေ့ရတဲ့ ရန်ကုန် ပုံနှိပ်တိုက်တခုက မြင်ကွင်းတချို့ပါ။


မနေ့က မြန်မာနိုင်ငံ စာပေစိစစ်ရေးက ပြည်တွင်းထုတ် သတင်းစာစောင်တွေနဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေအားလုံးကို ထုတ်/တင် စနစ်သို့ ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။

 
ဒါပေမယ့် ၁၉၆၂ ခုနှစ် ပုံနှိပ်ဆိုင်ရာဥပဒေက အသက်ဝင်ဆဲရှိပြီး မီဒီယာဥပဒေအသစ် မထွက်ခင်မှာ ဒီဥပဒေကို ဆက်လက် ကျင့်သုံးသွားရဦးမယ်လို့လည်း ဆိုပါတယ်။

 
စာပေစိစစ်ရေးဌာနက ဆင်ဆာဖြတ်တောက်မှုလုပ်ငန်းတွေကို ၁၉၆၄ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနအနေနဲ့ မှတ်ပုံတင်ခြင်းလုပ်ငန်းပဲ လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

Photos: Getty Images 


 

No comments: