Wednesday, July 25, 2012

အမည်ပေးဖို့ စကားလုံးတွေ ကြေကွဲနေတဲ့ ... ကဗျာ (ကမာပုလဲ)

လမ်းတလျှောက်လုံး ... မိုး
ရေညှိ ဆင်ဝင်အောက်ကို ရောက်မှ
သူ့ အငို တိတ်သွားတယ် ...။

လှေကားထစ်တွေအတိုင်း
အချိန်ကာလဟာ ပြန်လည်နုပျိုလာခဲ့ ...။


အပေါ်ဆုံး အထပ်မှာ
အနက်ရောင် ဝတ်စုံများ
အနက်ရောင် စာသင်ခန်းများ
အနက်ရောင်
စားပွဲများ ... ထိုင်ခုံများ ... လွယ်အိတ်များ
ကျကွဲနေတဲ့ သောက်ရေအိုးကလေးများ ...။

ကျောင်းတက် ခေါင်းလောင်းသံမှာ
နာကျည်း ... ငိုကြွေး
ရှိုက်သံတွေနဲ့ အတိပြီးတယ်။ ။

ကမာပုလဲ 
ဇူလိုင်၊ ၂၀၁၂


No comments: