Wednesday, July 11, 2012

ကိုက်လမ်း (မောင်ချောနွယ်)

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ ...

နေ့စဉ် နေ့စဉ်
ငါ့ ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင် မြက်ပင်ငယ်လေးတွေကို ကိုက်ကိုက်ပြီး
ငါ ထွက်လာခဲ့မြဲ ...


ခု ... ...
လူနဲ့ ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ

ပိုက်ထဲ …
ငါ့ သစ္စာတရားက ငါ့အသက်ကို ယူသွားပေါ့ ...။ ။

No comments: