Friday, July 27, 2012

အပ်ကြောင်းထပ်နေတဲ့ ... ကိစ္စ (ကမာပုလဲ)

ဆာလောင်ငတ်မွတ်မှုတွေနဲ့
ရိုးသားစွာ နိုးထလာတဲ့ ပန်းပွင့်ကလေး
အမေ့ နို့ပိန်ပိန်ကို ရှာလို့ မတွေ့တဲ့အခါ ...။

ညက
ဟင်းစား ရှာရင်း
ပိုးထိသွားတဲ့လူနာ ... ။


မငိုပါနဲ့ သမီးလေးရယ်
သမီး ငိုရင်
ကမ္ဘာကြီး ... သူကိုယ်တိုင်... ပြိုကျသွားလိမ့်မယ်။ ။

ကမာပုလဲ 
ဇူလိုင်၊ ၂၀၁၂


No comments: