Sunday, July 29, 2012

မနေ့ကအကြောင်း ပြန်ပြီး ပြောကြဆိုကြတဲ့အခါ (ကမာပုလဲ)

မရောက်ရောက်အောင် ခြေလှမ်းများ
လမ်းကလေး အတိုင်း
ကတိစကား အတိုင်း
ဘဝကို ...
အရှိ ... အရှိအတိုင်း။

တိုက်ပွဲတွေဟာ
သံယောဇဉ်တွေအတွက်
မရှိမဖြစ် ဆက်ထုံး
ယာယီရှုံးနိမ့် ကျဆုံးမှုတွေဟာ
မနက်ဖြန်အတွက်
ရှေ့ဆက်ရမယ့် မှတ်မှတ်ရရ အနာတရတွေ ...။


လမ်းဟာ
ခုမှ လူလုံးကွဲကာစ
ထင်ယောင် ထင်မှားမရှိ
ကယ်တင်ရှင်ရဲ့ နေ့နဲ့ ညတွေမရှိ
ကိုယ့်ဒဏ်ရာကို
ကိုယ့် လိပ်ပြာနဲ့ သွေးတိတ်စေခဲ့တယ် ... ။ ။

ကမာပုလဲ
ဇူလိုင်၊ ၂၀၁၂

+ ဗမာပြည် အလုပ်သမား၊ လယ်သမား သပိတ်တိုက်ပွဲများအပေါ် ဒီကဗျာကို ခံစားရေးဖွဲ့တယ် ...။ 

No comments: