Friday, July 6, 2012

7 July အခမ်းအနားကို ကျင်းပသွားမယ် ...

တစ်ယောက်တည်းကျန်လည်း ကျင်းပသွားမှာပါ။ တစ်ယောက်မှ မကျန်တော့ရင် ကျွန်တော်တို့ တာဝန်ကျေတယ်လို့ ခံယူပါတယ်။  

(မင်းကိုနိုင်)

ဒီအခမ်းအနားဟာ ကျင်းပတယ်ဆိုကတော့ လက်ရှိ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ဒါကို ကြောက်နေစရာလည်း မလိုဘူး။ စိုးရိမ်နေစရာလည်း မလိုဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ ဆဲဗင်းဂျုလိုင်နဲ့ပတ်သက်ပြီးတော့ ဖြစ်ခဲ့တဲ့၊ ကိုင်တွယ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း တစ်ယောက်မှ မရှိတော့ဘူး။

အဲဒီတော့ ကျွန်တော်တို့က အေးအေးချမ်းချမ်းနဲ့ သမိုင်းမှာ သင်ခန်းစာယူနိုင်အောင် တစ်ချိန်က တန်ဖိုးရှိခဲ့တဲ့ သမဂ္ဂအကြောင်းကို ပြောမယ်။ အဲဒီ သမဂ္ဂမရှိတဲ့အခါ ဘယ်လောက်နစ်နာတယ်ဆိုတာ ကျွန်တော်တို့ ပြောကြမယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဒီလောက်ပါပဲ။

အဲတော့ အမိုးအကာတစ်ခုအောက်မှာ ငြိမ်းချမ်းစွာကျင်းပမယ့်ကိစ္စကို လက်မခံဘူးဆိုတာ ကျွန်တော်တို့ကို လမ်းပေါ်ကို အတင်းတွန်းထုတ်နေတဲ့ အဓိပ္ပာယ်ရောက်နေတယ်။ ဒီနေ့ည ပြုမူလိုက်တဲ့ အကျင့်အကြံ အားလုံး။ အဲဒီ ရဲတပ်ဖွဲ့ရော၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကလူတွေ ကိုင်တွယ်တဲ့အနေအထားမျိုးက လမ်းပေါ်ကို အတင်းမောင်းထုတ်နေတဲ့ အဓိပ္ပာယ်ပဲ။

ဒါပေမယ့် ကျွန်တော်တို့ဟာ နောက်ကြောင်းပြန်လှည့်မှာကို ကျွန်တော်တို့ကိုယ်တိုင် လက်မခံခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ နောက်ကြောင်းပြန်လှည့်သွားရင် နစ်နာမှာက ကျွန်တော်တို့ အရင်ဆုံး နစ်နာမှာ။ ကျွန်တော်တို့အားလုံးရဲ့ ဘဝတွေ၊ အသက်တွေ စတေးပြီးတော့ရင်းထားတဲ့ အဖူးအပွင့်ကို ကျွန်တော်တို့ ဘယ်နည်းနဲ့မှ အဖျက်အဆီး မခံနိုင်ဘူး။

အဲတော့ နောက်ကြောင်းပြန်လှည့်မှာကို စိုးရိမ်တယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့၊ မတည်ငြိမ်မှုဆိုတဲ့ဟာကို စိုးရိမ်တယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့တော့ ဒီလို ကိုင်တွယ်လို့ မရဘူး။

သတင်းစာရှင်းလင်းပွဲမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပြောကြားချက်တချို့ကို ကောက်နှုတ်ဖော်ပြပါတယ်။ 


No comments: