လက်သီးများပေါ်က ဖယောင်းစက်တွေ
ချော်ရည်ပူလား၊ အေးခဲ မာကျောတဲ့အထိ။
ဖယောင်းတိုင်တွေက
အလင်းကိုပေးဖို့ သွေးကို မီးမြှိုက်ပေးသလို
တို့တတွေကလည်း အလင်းကို ဝင်းဖို့
ဘဝကို ရင်းနှီး လောင်မြှိုက်ရတဲ့အချိန်။
အမှောင်ထဲမှာ ကျင့်သားရ
အမှောင်ကပဲ ပိတ်ကွယ်စီး
မီးဆိုတာ အပူနဲ့အလင်း
တို့ရင်မှာ တင်ရှို့၊ တို့ရင်ကို ကင်
နေဝင်စ ချိုးမရယ်ကူ။ ။
မောင်လွမ်းဏီ
၂၂- ၅- ၂၀၁၂
No comments:
Post a Comment