“ခဲတံချွန်ပြီးပြီ
ကျောင်းသင်္ခန်းပုံ ဆွဲချင်ဆွဲ
ဝတ်လစ်စလစ်ပုံ ဆွဲချင်ဆွဲ
သဘောပဲလေ
ဒီမြေမှာ
ဓားလှံတွေ ကြဲချင်ကြဲ
ချိုးငှတ်တွေ ဝဲလိုဝဲ
သဘောပဲလေ
စိတ်ချ ကလေးရေ
စစ်တိုက်ခန်းတွေ မကြိုက်လို့
ထိုးကြိတ်ခန်းတွေ မကြည့်လို့
သူရဲဘောကြောင်တယ် မစွပ်စွဲဘူး
ဒါပေမယ့် ကလေးရေ
ကိုယ်ဆွဲရာ ကိုယ့်ကားချပ်
ကိုယ့်လက်မှတ်တော့ ထိုးရမယ်။ ။”
မင်းကိုနိုင်
၁၃-၂-၂၀၁၂
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
2 months ago

No comments:
Post a Comment