Thursday, December 15, 2011

နှလုံးသားမှာ အလင်းရောင်ကို ငတ်မွတ်ခြင်း … (ကမာပုလဲ)


ခေတ်ကြီးတခုလုံး မှောင်အတိကျခဲ့ပြီ
သူ့စိတ်ကူးထဲ
ထင်ရာမြင်ရာ စိုင်းမယ့် မြင်းရိုင်းတကောင်
အန္တရာယ်ဟာ
သူ့အတွက်တော့
သိပ်ကို လှပလွန်းနေပါလိမ့်မယ် ...။

ပထမတော့
အတုမြင် အတတ်သင်ယုံ သက်သက်သာ
တဖြည်းဖြည်းနဲ့ ...
ကျင့်သားရသွားခဲ့
ထီမထင်ခဲ့
ဖြတ်သန်းခဲ့သမျှ
သူ့အတွက်တော့
အောင်မြင်မှုတွေချည်း ...။


စိတ်ချ
သံယောဇဉ်နဲ့ တုပ်နှောင် တားဆီးလို့မှ မရတော့တာ
သွေးနထင်ရောက်ချိန် မာယာပဲ
သူ
ရပ်မရတော့ဘူး
ဆက်ပြေးနေတော့မယ်
သူ့ သံခွာနှင့် သူ
သူ့ လည်ဆံမွှေးနှင့် သူ
သူ့ မာနနှင့် သူ ...။

မြေကမ္ဘာပေါ်
အလင်းခေတ်တွေ
ရောက်ရှိမလာသေးသရွေ့ ... ။ ။

ကမာပုလဲ
၁၅၊ ၁၂၊ ၂၀၁၁။



 

No comments: