Friday, December 16, 2011

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းဖြစ်မြောက်ရေး စတင်ဆောင်ရွက်ပါပြီ (မောင်ဝံသ)

"ဆရာဦးဝင်းတင်ဟာ ယခုလည်း သူ့ကို ကြည်ညိုလေးစားလို့ ပုဂ္ဂိုလ်ရေးအရ လာရောက်ပေးအပ်တဲ့ အလှူငွေတွေကို ဘယ်လက်က ဝင်တာကို ညာလက်က ပြန်ထုတ်သလို ပြန်လည် လှူဒါန်းနေတာပါပဲ။ ဒါကြောင့် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းဆိုတဲ့ နာမည်တပ်ပြီး ထူထောင်လိုက်ရင် ရန်ပုံငွေ စီးဝင်မှုနဲ့ စီးထွက်မှု စနစ်ပိုကျသွားမယ်။ တကယ်လိုအပ်နေသူတွေကို ကူညီထောက်ပံ့နိုင်မှာဖြစ်တယ်လို့ ..."
 
ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း စိတ်ကူးလေးတစ်ခုဆိုပြီး မကြာသေးခင်က ကျွန်တော့် Facebook မှာ တင်ခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။ အဲဒီစိတ်ကူးလေးကို မိတ်ဆွေအချို့က ဝိုင်းဝန်းထောက်ခံအားပေးကြပါတယ်။
 
တချို့က ရန်ပုံငွေလှူဖို့ ကတိပြုကြပါတယ်။ 

၁၁ ဒီဇင်ဘာ ၂၀၁၁ ညနေမှာတော့ ရန်ကုန် ပန်းဆိုးတန်း နန်းယုဟိုတယ်မှာကျင်းပတဲ့ မိတ်ဆုံပွဲမှာ ကျွန်တော်က အဲဒီ စိတ်ကူးကို တင်ပြလိုက်ပါတယ်။ မိတ်ဆုံပွဲက ဆရာဦးဝင်းတင်ရဲ့ လုပ်ဖော်ကိုင်ဖက် ကွယ်လွန်သူ ကြေးမုံ ဦးစိုးနိုင်ရဲ့သား မေတ္တာမိုး ကိုမောင်မောင်နိုင်က ဧည့်ခံတဲ့ပွဲပါ။ ဆရာဦးဝင်းတင်ကို အကြောင်းပြုပြီး မိတ်ဆွေတွေကို နှစ်စဉ် ဧည့်ခံခြင်း ဖြစ်ပါတယ်။

ဆရာဦးဝင်းတင်ဟာ ယခုလည်း သူ့ကို ကြည်ညိုလေးစားလို့ ပုဂ္ဂိုလ်ရေးအရ လာရောက်ပေးအပ်တဲ့ အလှူငွေတွေကို ဘယ်လက်က ဝင်တာကို ညာလက်က ပြန်ထုတ်သလို ပြန်လည် လှူဒါန်းနေတာပါပဲ။ ဒါကြောင့် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းဆိုတဲ့ နာမည်တပ်ပြီး ထူထောင်လိုက်ရင် ရန်ပုံငွေ စီးဝင်မှုနဲ့ စီးထွက်မှု စနစ်ပိုကျသွားမယ်။ တကယ်လိုအပ်နေသူတွေကို ကူညီထောက်ပံ့နိုင်မှာဖြစ်တယ်လို့ ကျွန်တော်က တင်ပြပါတယ်။

ထောင်ထဲမှာ နှစ် ၂၀ နေခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားကြီး ဦးဝင်းတင်ရဲ့ အထိမ်းအမှတ် ဖောင်ဒေးရှင်းဖြစ်လို့ အဓိကအားဖြင့် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများနဲ့ လွတ်မြောက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ့ သက်သာချောင်ချိရေးကို ဦးစားပေးသင့်တယ်။ တော်ဝင်နှင်းဆီခြံမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သုံးဦး (ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်) ကို လူငယ်များက ကန်တော့တဲ့ပွဲမှာ ဆရာဦးဝင်းတင်က နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်ရေးသာမက နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ့ဘဝတွေ ပြန်လည်ထူထောင်ရေးကို အလေးထားဆောင်ရွက်သင့်တယ်လို့ ပြောခဲ့တာဟာ ကျွန်တော့်ရဲ့ စိတ်ကူးကို ပိုပြီးအားကောင်းသွားစေပါတယ်လို့ ပြောပါတယ်။

ထမင်းစားပွဲ တက်ရောက်သူအားလုံးက ထောက်ခံဆွေးနွေးကြပါတယ်။ NLD ဦးအုန်းကြိုင်က ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့အတွက် ကျွန်တော့်ကို ကျေးဇူးတင်ပါတယ်လို့ ထပြောပါတယ်။
သတင်းစာဆရာတွေထဲက လူမှုဘဝချို့တဲ့နေသူများကိုပါ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက ကူညီသင့်တယ်လို့ ဆွေးနွေးသူအချို့လည်း ရှိပါတယ်။ ဆရာဦးဝင်းတင်က အဲဒီဆွေးနွေးချက်ကို ထောက်ခံပါတယ်။

မိမိအနေနဲ့ နိုင်ငံရေးပါတီ တာဝန်ရှိနေတဲ့အတွက် ကိုယ်တိုင်ဦးစီးပြီး ဖောင်ဒေးရှင်းထူထောင်တာတော့ မလုပ်နိုင်ကြောင်း၊ သို့ပေမယ့် လုပ်ဖော်ကိုင်ဖက်ဟောင်းများနဲ့ မိတ်ဆွေများကကြီးမှူးပြီး လုပ်ချင်ကြတယ်ဆိုရင်ဖြင့် မိမိအနေနဲ့ ခွင့်ပြုပါကြောင်း၊ ဖောင်ဒေးရှင်းကလုပ်မှာကလည်း မိမိ ယခုလက်ရှိလုပ်နေတာတွေကိုပဲ ပိုပြီး ကျယ်ပြန့်တဲ့ အသွင်သဏ္ဍာန်နဲ့ လုပ်သွားကြမှာဖြစ်လို့ သဘောတူကျေနပ်ပါတယ်လို့ ပြောသွားပါတယ်။ 

အဲဒီထမင်းစားပွဲမှာ သတင်းစာဆရာတွေ အများစုပါပေမယ့် လက်ရှိ လူငယ်ခြေတက်အဖြစ် သွက်သွက်လက်လက် လှုပ်ရှားနေသူထဲကတော့ ကိုဦးဆွေတစ်ယောက်ကိုပဲ တွေ့လို့ “ကိုဦးဆွေရေ- သတင်းတော့ မရေးနဲ့ဦးနော်၊ ဖောင်ဒေးရှင်း ဦးဆောင်အဖွဲ့ ဖွဲ့ပြီးရင် အန်ကယ် သတင်းထုတ်ပြန်ချက် ရေးပေးမယ်။ အဲဒီတော့မှ ရေးပါ” လို့ သတိပေးလိုက်ပါသေးတယ်။ 

ဒါက ထုံးစံအတိုင်း ပြောလိုက်တာပါ။ ဒီခေတ်လူငယ်ခြေတက်တွေအကြောင်း ကျွန်တော် သိပ်သိသပေါ့ဗျာ။ ဒီလောက်ပြောလိုက်ရုံနဲ့ ဘာရလိမ့်မလဲ။ ယခုအပတ်ထွက်တဲ့ ဂျာနယ်တွေမှာ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း ဖွဲ့စည်းမည့်သတင်းတွေ ပါလာပါပြီ။ ဆရာဦးဝင်းတင်နဲ့ အင်တာဗျူးလုပ်ပြီး ရေးတဲ့သတင်းတောင် ပါလိုက်သေး။ ဆရာကတော့ စိန်ခေါ်ရင် တိမ်ပေါ်လိုက်မယ်ဆိုတဲ့လူမျိုးဆိုတော့ အမေးရှိရင် အဖြေပေးဖို့ အသင့်ပဲပေါ့။ သည်တော့ ကျွန်တော်ကလည်း လုပ်ဆောင်ပြီးသလောက်ကိုတော့ ပြောသင့်ပြီလို့ ဆုံးဖြတ်ပြီး အခု ကျွန်တော့် ဖေ့စ်ဘွတ်ကနေ အစီရင်ခံခြင်း ဖြစ်ပါတယ်။ 

ဒီရက်ထဲမှာ ကျွန်တော်နဲ့အတူ ဆော်သြရေးလုပ်နေတဲ့ ရွှေပြည်တန် ကိုကျော်အောင်နဲ့တိုင်ပင်ပြီး ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း နာယကများနဲ့ ဦးဆောင်အဖွဲ့ဝင်များ လျာထားစာရင်းတစ်ခု ပြုစုဖြစ်ခဲ့ပါတယ်။

စာရင်းမှာ ဖော်ပြထားသူတွေထဲက မပါဝင် မပတ်သက်လိုသူများ ကျွန်တော့်ထံ အမြန်အကြောင်းကြားနိုင်ပါတယ်။ စာရင်းက ချက်ချင်း ဖယ်ရှားပေးပါမယ်။ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းမှာ စိတ်ရောကိုယ်ပါ ပါဝင်တာဝန်ယူ ဆောင်ရွက်လိုသူများရှိရင်လည်း စာရင်းပေးနိုင်ပါတယ်။ ဖြည့်စွက် ဖော်ပြပေးပါမယ်။

လက်ရှိလျာထား စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း
နာယကများ

၁။ ဒဂုန်တာရာ
၂။ သခင်သိန်းမောင် (ဝါးခယ်မ)
၃။ ကြေးမုံဦးသော်

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းဖြစ်မြောက်ရေး ဦးဆောင်အဖွဲ့ (ယာယီ) အဖွဲ့ဝင်များ

၎။ ဦးအုန်းထွန်း (၀၁ ၅၇၈၀၂၇)
၅။ ဦးမောင်မောင်ခင် (၀၁ ၆၄၆၂၄၄)
၆။ မောင်မိုးသူ (၀၁ ၃၇၆၄၃၅)
၇။ ဦးသာဘန်း (၀၁ ၅၀၃၉၆၄)
၈။ မောင်ဝံသ (၀၉ ၅၀၄၀၉၉၄)
၉။ ဦးအံ့မောင် (၀၁ ၅၆၃၁၀၆)
၁၀။ ဦးကိုကိုကြီး (၀၉ ၅၁၆၂၄၃၇)
၁၁။ ဦးအုန်းကြိုင် (၀၉ ၄၃၀၂၇၃၇၆)
၁၂။ ဦးသိန်းတန် (၀၁ ၂၂၄၃၂၈)
၁၃။ ဦးအုန်းမောင် (၀၁ ၆၆၄၅၁၅)
၁၄။ ဦးငြိမ်းချမ်း (ညီပုလေး) (၀၂ - ၃၉၇၁၇ / ၆၀၁၃၆)
၁၅။ ဖျာပုံ နီလုံဦး (၀၁ ၇၂၆၉၆၃)
၁၆။ ဦးကျော်အောင် (၀၉ ၅၀၂၆၄၅၀)
၁၇။ ဦးစိန်ရွှေ (၀၉ ၅၁၄၈၃၄၂)
၁၈။ ဦးရဲထွဋ် (၀၉ ၅၀၇၈၁၉၃)
၁၉။ ဦးစိုးမြင့် (၀၉ ၇၃၀၃၈၀၉၅)
၂၀။ ဦးမျိုးမြင့်ညိမ်း (၀၉ ၅၀၀၉၉၂၅)
၂၁။ ဦးမောင်မောင်နိုင် (၀၉ ၅၁၂၈၈၈၆ / ၀၉ ၇၃၁၂၈၈၈၆)
၂၂။ ဦးမြတ်ဆွေ (၀၉ ၅၁၄၈၃၄၂)
၂၃။ ညောင်ဦးဖိုးချို (၀၁ ၅၄၅၃၂၃)
၂၄။ ဦးချစ်စံ (ဟံသာဝတီ) (၀၁ ၅၄၅၃၉၀)
၂၅။ ကိုဖုန်း (၀၉ ၄၃၁၃၁၉၆၆)
၂၆။ ဦးမိုးဝင်း (၀၁ ၂၀၉၀၁၇)
၂၇။ မဒုံ (။)
၂၈။ ဦးဆန်နီ (၀၉ ၅၀၁၅၁၈၅)
၂၉။ ကိုဇော်မျိုးအောင် (၀၉ ၅၀၅၃၃၅၅)
၃၀။ ကိုပေါက် (၀၁ ၅၇၈၀၂၇)
၃၁။ ဦးမြင့်လွင် (စိုးအုပ်) (၀၁ ၂၄၂၅၃၁)
၃၂။ ကိုဦးဆွေ (၀၉ ၇၃၀၄၃၂၁၅)

မိတ်ဆွေများထံမှ အကြံပေးဆွေးနွေးမှုများကို ကြိုဆိုပါတယ်။

မောင်ဝံသ
maungwuntha@gmail.com



No comments: