မေးရင် …
ကမ္ဘာခြားတယ်ဆိုတာမျိုးပေါ့။
တော်ရာဆိုလည်း တော်သင့်ရုံနဲ့ပဲ
ကြေပါစေတော့။
ဧရာဝတီ
မင်းမရှိတဲ့ ဒီဘက်ကမ္ဘာမှာ
ပိတောက်တွေ ပွင့်နေပြီ ငါ့ရင်တခုလုံး။
ဘယ်တော့ ပြန်လာမလဲ
မမေးနဲ့တော့
အလွမ်းတွေသာ တခွက်ပြီးတခွက်မော့။
ဧရာဝတီရယ်
မင်းရဲ့ ရှင်သန်းခြင်းအလှတွေ
ရင်ချင်းခတ် ကူးယူဖို့
ကမ္ဘာလည်နေတာ သေချာမှဖြစ်မယ်။ ။
ကျော်သူမိုးမြင့်
11. 29. 2011 (1:57 AM)
No comments:
Post a Comment