Monday, November 7, 2011

မြန်မာ့နိုင်ငံရေးအပြောင်းအလဲ အီးယူ သံအမတ်ကြီး ကြိုဆို

မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အပေါ် အီးယူ ဥရောပသမဂ္ဂ အကြီးတန်း သံတမန် ဒေးဗစ်လစ်ပ်မန်းက နိုင်ငံရေးအပြောင်းအလဲများလုပ်နေပြီဖြစ်လို့ ကြိုဆိုကြောင်း အေအက်ဖ်ပီ သတင်းဌာနကို ပြောသွားပါတယ်။


အခုအပြောင်းအလဲတွေကို အီးယူအနေနဲ့ အားပေးထောက်ခံသွားမယ်လို့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီးက ပြောလိုက်တာဖြစ်ပါတယ်။

အီးယူက ကြီးမှူးကျင်းပတဲ့ ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုနဲ့ ဆင်းရဲမှုတိုက်ဖျက်ရေး အစည်းအဝေးတရပ်ကို ရန်ကုန်မြို့မှာ တက်ရောက်ဖို့ ဒေးဗစ်လစ်ပ်မန်း မြန်မာနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

သတင်း - ဘီဘီစီ
ဓာတ်ပုံ - အေပီ


 

No comments: