Friday, November 4, 2011

ကုလ အထူးကိုယ်စားလှယ်နဲ့ ဒေါ်စုတွေ့ဆုံ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယားတို့တွေ့ဆုံမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံခဲ့တဲ့ ပုံတချို့ပါ။



 
နိုင်ငံရေးဖြစ်ထွန်းမှုတွေအတွက် အားရကျေနပ်မှုရှိပေမယ့် နောက်ထပ် ခြေလှမ်းတွေလှမ်းဖို့ တိုက်တွန်းကြောင်း မြန်မာပြည်ကို ၅ ရက်ကြာလာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဘီဂျေးနမ်ဘီးယားက ခရီးစဉ် အဆုံးသတ်တဲ့နေ့မှာ ကြေညာချက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။

 
 
 
 ဒါ့အပြင် အဲဒီကြေညာချက်မှာ သူဟာ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၊ အထက်လွှတ်တော်အကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီး၊ လူမှုဖူလုံရေးဝန်ကြီးတို့ အပါအဝင် ငြိမ်းချမ်းမှုတည်ဆောက်ရေးအဖွဲ့၊ ရွေးကောက်ပွဲကော်မရှင်တို့နဲ့ပါ တွေ့ဆုံခဲ့ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့အတူ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နဲ့ပါ တွေ့ဆုံကြောင်း ဖော်ပြထားပါတယ်။

Photos : Getty Images, Reuters, AP


 

No comments: