အင်းစိန်ထောင်တွင်း မြင်ကွင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို အကျဉ်းသားတွေ လွှတ်ပေးတာကို ကြိုဆိုပေမယ့် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့တောင်းဆိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။
အင်းစိန်ထောင်အပြင်က စောင့်မျှော်သူတွေရဲ့ ပုံရိပ်များ ...
အရင်က လွတ်ငြိမ်းချမ်းသာခွင့်တွေအရ ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာ ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်ထက် အခု တခေါက် ပြန်လွတ်လာတဲ့ အရေအတွက်ဟာ အချိုးအစားအရများနေတဲ့အချက် အပါအဝင် လက်ရှိအနေအထားအရ နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာလိမ့်ဦးမယ်လို့ အန်အယ်လ်ဒီက မျှော်လင့်နေကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
ပြန်လည် လွတ်မြောက်လာကြသောအခါ ...
ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းနေပါတယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးက အရေးကြီးတယ်လို့ထင်မြင်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒါပေမယ့် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားအသုံးအနှုန်းကိုသုံးဖို့တောင် တွန့်ဆုတ်နေပြီး နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ပြန်လွှတ်မပေးသေးတာက သူတို့ဘက်မှာ ဘာအခက်အခဲတွေများရှိနေနိုင်တယ် ထင်ပါသလဲလို့ ဘီဘီစီကမေးရာမှာတော့ ၁၉၈၈ ခုနှစ်ကနေစတင်ပြီး အာဏာရယူ အစိုးရအနေနဲ့ ဒီမိုကရေစီ အလေ့အကျင့်တွေ မရှိကြဘူး၊ အဲဒီ အလေ့အကျင့်အတွက် သူတို့အချင်းချင်းကြားမှာ နားလည်မှုရအောင် ဆောင်ရွက်နေရတဲ့ အခက်အခဲတော့ရှိလိမ့်မယ်လို့ ယူဆကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
လူရွှင်တော် ဇာဂနာလည်း လွတ်မြောက်လာသူတွေအထဲမှာ ပါလေတော့ ...
တခြား ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲနေပြီလို့ အသိအမှတ်ပြုတာခံလိုရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့လိုတယ်လို့ ထောက်ပြ တောင်းဆိုနေကြပါတယ်။
သတင်း - ဘီဘီစီ
Photos: Getty Images, Reuters, AP
No comments:
Post a Comment