၃ ရက်ကြာ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ကြံ့ဖွံ့အစိုးရ တာဝန်ရှိသူတွေအပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားတွေ၊ တခြားနိုင်ငံရေးပါတီတွေ၊ အန်ဂျီအို အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ရေးတွေ လုပ်ဆောင်ဖို့ တောင်းဆိုနေတဲ့ ဩစတြေးလျနိုင်ငံအနေနဲ့ အခု နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာလည်း ထပ်ပြီး တောင်းဆိုဖို့ရှိတယ်လို့ ပြီးခဲ့တဲ့အပတ် မြန်မာနိုင်ငံကို မလာခင်မှာ မစ္စတာရပ်ဒ်က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
အခုဖော်ပြထားတဲ့ ပုံတွေကတော့ မစ္စတာ ကယ်ဗင်ရပ်ဒ် နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ရန်ကုန်မြို့ရှိ သြစတြေလျနိုင်ငံဆိုင်ရာ သံအမတ်ကြီးနေအိမ်မှာ တွေ့ဆုံစကားပြောဆိုကြတဲ့ မှတ်တမ်းဓာတ်ပုံတွေပါ။
Photos : AP, Reuters