Sunday, May 1, 2011

နာဂစ် ၃ နှစ်ပြည့်ပြီ

 
လူသိန်းနဲ့ချီ သေဆုံးပြီး သန်းချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရတဲ့ နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြီး တိုက်ခိုက်ခဲ့တာ ၃ နှစ် ပြည့်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် မုန်တိုင်းဒဏ်ခံရတဲ့ ဧရာဝတီတိုင်းဒေသက ကျေးရွာတွေဟာ ပုံမှန်အခြေအနေတွေ ပြန်မဖြစ်သေးဘူးလို့ သိရပါတယ်။

ဒါတွေကတော့ မုန်တိုင်းဒဏ်သင့်ဒေသက ပုံရိပ်တချို့ပါ။


 
 
 
 
စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဂဏန်းတွေ၊ ကြွက်တွေ ဖျက်ဆီးမှုတွေကြောင့် ဆုံးရှုံးမှုတွေဖြစ်နေပြီး အလုပ်အကိုင်တွေ မဖန်တီးပေးနိုင်တာကြောင့် ‘ဟောင်စီ’ လို့ခေါ်တဲ့ လောင်းကစားဝိုင်းတွေလည်း ပေါများနေတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် အဲဒီမုန်တိုင်းသင့်ဒေသတွေမှာ အခုအခါ ကူညီကယ်ဆယ်ရေးတွေမရှိတော့သလို ပြန်လည် ထူထောင်ရေး ဆောင်ရွက်ပေးနေတာတွေလည်း ရပ်ဆိုင်းသလောက်ဖြစ်နေပြီလို့ သိရပါတယ်။

နာဂစ် ၃ နှစ်ပြည့်အကြောင်းကို ဒီနေရာမှာလည်း သွားဖတ်နိုင်ပါတယ်။

Photos : Getty Images 


 

No comments: