Saturday, April 16, 2011

မဟာသင်္ကြန်အတက်နေ့ မြင်ကွင်းများ


TG8

TG7

ရန်ကုန်သင်္ကြန်သည် အတက်နေ့တွင် ယခင်နေ့များထက် ပိုမိုစည်ကားခဲ့သည်။ မဏ္ဍပ်ကြီးများရှိသော ကန်တော်ကြီး ကန်ပတ်လမ်း၊ ပြည်လမ်းနှင့် ကမ္ဘာအေးစေတီလမ်းတို့တွင်သာမက အခြားနေရာများ၌လည်း စည်ကားခဲ့သည်။

"ဒီနေ့ သင်္ကြန်နောက်ဆုံးနေ့မို့ထင်တယ် မနက်ပိုင်းကတည်းကစည်နေတာ။ ညနေပိုင်းမှာ ရေပက်ခံထွက်တဲ့သူတွေ ပိုများလာပြီး စည်လာတယ်။ ဆင်ခြေဖုံးရပ်ကွက်တွေမှာဆိုရင် မဏ္ဍပ်မရှိဘဲနဲ့ စည်တယ်။ နောက်ဆုံးနေ့လည်း ဖြစ်တယ်။ လုံခြုံရေးတွေလည်း အပြည့်ချထားတော့ လူတွေစိတ်ချလက်ချနဲ့ ရေကစားခဲ့ကြတယ် ထင်ပါတယ်။ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"ဟု ကားဖြင့် ရေပက်ခံထွက်သူတဦးက ပြောပါသည်။


ရပ်ကွက်အချို့တွင်လည်း အုန်းလက်မဏ္ဍပ်များထိုး၍လည်းကောင်း၊ ပါဆယ်ထုတ်၍လည်း မုန့်လုံးရေပေါ်၊ သာကူ၊ ကြာဆံဟင်းများဖြင့် စတုဒိသာကျွေးခဲ့သည်ကို တွေ့ခဲ့ရသည်။

TG1
ကန်တော်ကြီးကန်ပတ်လမ်းရှိ မဏ္ဍပ်တစ်ခုတွင် CCTV တပ်ဆင်ထားသည်ကို တွေ့ရစဉ်


TG2
သင်္ကြန်အတက်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် စတုဒိသာမဏ္ဍပ်တစ်ခုကို တွေ့ရစဉ်


TG3
သင်္ကြန်အတက်နေ့ ကန်တော်ကြီး ကန်ပတ်လမ်း မြင်ကွင်း


TG4
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မဏ္ဍပ်ကို သင်္ကြန်အတက်နေ့က တွေ့ရစဉ်


TG5
သင်္ကြန်အတက်နေ့၌ ဒဂုံမြို့သစ် (တောင်ပိုင်း)တွင် ရေကစားနေကြသူများ


TG6
သင်္ကြန်အတက်နေ့ ပြည်လမ်းမြင်ကွင်း


TG7
သင်္ကြန်အတက်နေ့ ကမ္ဘာအေးစေတီလမ်းမြင်ကွင်း


TG8
မြို့မ ငွေငန်းအလှပြယာဉ် မဟာမုနိဘုရားကြီးသို့ ဦးတိုက်ကန်တော့စဉ်


TG9
မန္တလေးတိုင်းဒေသကြီး Iron Cross မဏ္ဍပ် သင်္ကြန်အတက်နေ့မြင်ကွင်း

 http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။


  

No comments: