Saturday, April 23, 2011

နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပ

 
 
နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ၁၀ နှစ်ပြည့် အခမ်းအနားကို အသင်းတည်ရှိရာ ရန်ကုန်မြို့ မြောက်ဒဂုံမှာ ဒီကနေ့ကျင်းပရာ ဒီအခမ်းအနားကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။
 

 
နာရေးကူညီမှုအသင်းကို ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးကျော်သူက ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ထူထောင်ခဲ့တာဖြစ်ပြီး အခုအချိန်အထိ ရုပ်အလောင်းပေါင်း တသိန်းကျော်အတွက် အကူအညီပေးခဲ့ပြီး ဖြစ်ပါတယ်။

 
၁၀ နှစ်ပြည့်အခမ်းအနားနဲ့အတူ ဒီအသင်း ပေါ်ပေါက်လာစေဖို့ မျိုးစေ့ချပေးခဲ့တဲ့ ကွယ်လွန်သူ စာရေးဆရာ ဒါရိုက်တာ ဦးသုခရဲ့ ရုပ်ထုကျောက်တိုင်ကိုလည်း ဖွင့်လှစ်ခဲ့ပါတယ်။

 
မနက်ဖြန်မှာတော့ မြန်မာနိုင်ငံတဝှမ်းရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှုအသင်းအဖွဲ့များနဲ့ နာရေးကူညီမှု အသင်း(ရန်ကုန်) တို့ရဲ့ မိတ်ဆုံစကားဝိုင်း ကျင်းပမှာဖြစ်ပါတယ်။

သတင်း - ဘီဘီစီ၊ ဓာတ်ပုံ - အေပီ၊ ရိုက်တာ

No comments: